အခန်း - ၁ [အပိုင်း - ၁]

37 2 0
                                    

ရှစ်ချင်းရွှမ်သည် နောက်ဆုံးအကြိမ်အဖြစ် မိုးကောင်းကင်သို့ ကြည့်လိုက်သည်။ ထိုသို့ကြည့်ဖို့
သူရွေးချယ်ခဲ့သည်မဟုတ်။နင်းခြေခံခဲ့ရပြီး ဒဏ်ရာဖြစ်ပြည့်နေသော သူ၏ခန္ဒာကိုယ် သည်ပက်လက် အနေအထားဖြစ်နေသောကြောင့်သာဖြစ်ပေသည်။

ဤသည် သူ၏နောက်ဆုံးအချိန်ပင်ဖြစ်လေသည်။ နှလုံးခိုက်အောင်နာကျင်မှုဖြင့် ခန္ဒာကိုစွန့်ခဲ့ရလေ၏။

ဤအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်ပေါင်း ၇၀၀ လောက်က ဖြစ်ပျက်ခဲ့ခြင်းဖြစ်၏။လူတို့သည် ဤအကြောင်းကို တစ်ချိန်ချိန်တွင် မေ့ပျောက်ကြလိမ့်မည် ။

"ချင်းရွှမ်သည် သာယာပျော်ရွှင်သောဘဝကို ပိုင်ဆိုင်ခဲ့သည်" ဟု အားလုံးက‌ဆိုကြသည်။
ချင်းရွှမ်ပြောချင်သည်မှာပင် "သူမိဘမဲ့လေးကို ကယ်ဖို့မြင်းတွေရှေ့ကိုသူရဲကောင်းဆန်ဆန် ရောက်သွားတာ ၊ သူဟာ ပြစ်မှုကျူးလွန်တော့မယ့် လူသတ်သမားတွေကို ရပ်တန့်နိုင်ခဲ့တယ်"ဟုဖြစ်လေသည် ။
သို့သော် အမှန်မှာ သူသည်ထိုအချိန်တွင် ကံဆိုးခဲ့ခြင်းဖြစ်လေသည်။သူ၏ကျိုးနေသော ခြေထောက်ကြောင့် အချိန်မှီမလုပ်ဆောင်နိုင်ခဲ့ပေ။
သူ၏ စိတ်ထဲတွင်ရှုပ်ထွေးမှုများတရိမ့်ရိမ့်ဖြစ်ပေါ်နေချိန် လမ်းပေါ်၌အော်ဟစ်သံများ ညံနေသည်ကိုကြားလိုက်သည်။

"ဟေး ...သူက အို့ဖုန်း လား"
"ဒုက္ခပဲ"

"သောက်ကောင် ...မင်းငါ့သူငယ်ချင်းကိုရိုက်တယ်ပေါ့။"
"မင်းတို့အားလုံး ငါမထင်ထားဘူး သူ ....."
နောက်ဆက်ပြောသည် ကို ရှစ်ချင်းရွှမ် မကြားရတော့ပေ။
သူသည်ထာဝရပျောက်ကွယ်သွားလေသည်။

၇ ရက်မြောက်နေ့

ရှဲ့လျန်သည် အရိုးပြာအိုးကိုကိုင်ဆောင်လျက်မြို့တော်၏သစ်တောများပေါသော နေရာသို့ဦးဆောင်သွားနေသည်။ပြာသည် အလွန်ပင်ပေါ့ပါးသည့်သဘော ရှိသော်လည်း ရှဲ့လျန်လက်ထဲရှိ ပြာအိုးသည် လေချိန်ထက်ပင် အလေးချိန်စီးနေသည် ဟုသူထင်မိသည်။
ဟွာချန်သည် ဂေါ်ပြားကိုင်လျက် ရှဲ့လျန်ဘေးမှနေ၍ လည်းကောင်း ၊အို့ဖုန်းသူငယ်ချင်းတို့သည် ဟွာချန်ဘေးမှနေ၍ လည်းကောင်း လျှောက်လာကြသည်။
အို့ဖုန်း ၏ သူငယ်ချင်းထဲမှ တစ်ယောက်က သူသည် ဘုရားသခင် ဖြစ်သည်ဟု ဆိုသောကြောင့် အရူးတသိုက်ဟုခေါ်ခြင်းခံခဲ့ရဖူးသည် ။သို့သော်ယခုတွင်မူ....

ချစ်လှစွာသော ရှစ်ချင်းရွှမ် နှင့် ဟောရွှမ် Kde žijí příběhy. Začni objevovat