အပိုင်း- ၁

Start from the beginning
                                    

ကျွန်တော် မေမေ့ကိုလှမ်းအော်ပြောရင်း ဆက်ဆော့နေလိုက်သည် ။ ပြေးလွှာခုန်ပေါက်နေသည့်ကျွန်တော့်အားကြည့်ရင်း မေမေတကယ်ထွက်လာသည်။

"ကိုမှူး....ခုလာခဲ့"

မေမေက ခုန်ပေါက်နေသည့်ကျွန်တော့်လက်မောင်းကိုလှမ်းဆွဲသည် ။ ကျွန်တော်အနောက်ကိုဆုတ်၍ ရှောင်လိုက်သည် ။

"မေမေကလည်း....မိုးတွင်းရောက်မှရှားရှားပါးပါးချိုးရတဲ့ဟာကို"

"မင်းဟာကလွန်တယ်......နေ့တိုင်းကိုထွက်ချိုးနေတာလေ....တစ်ခုခုဖြစ်မှာစိုးလို့ပါမေမေက...ခုလာခဲ့"

မေမေချော့ပြောနေတာသိတာပေါ့ ။ တကယ်ယုံပြီး အနားသွားရဲသွားကြည့် ။ နားရွက်ကိုလား ဗိုက်ခေါက်လား ပဲ ။

"မေမေစဥ်းစားကြည့်လေ.....တစ်နှစ်မှ ၁၂လရှိတယ်....တစ်ရာသီကိုလေးလ....မိုးရာသီရောက်ဖို့ ရှစ်လတိတိစောင့်ရတယ်..... တစ်လမှာရက်သုံးဆယ်ရှိတယ်လေ ၈လဆိုတော့ ဘယ်လောက်လဲ... "

"၂၄၀ရက်လေ..."

ကျွန်တော့်စကားကို နားထောင်နေသည့်မေမေက ရောရောင်ကာပြန်ဖြေသည် ။ အဓိက က ဒီမိုးရေထဲမှာ ကျွန်တော်ကြာကြာ ထပ်ရပ်နိုင်ဖို့ ။

"ရက်ပေါင်း၂၄၀.....တစ်ရက်ကို၂၄နာရီရှိတယ်....ရက်ပေါင်း၂၄၀ဆိုတော့ ဘယ်နှစ်နာရီရှိမလဲ....."

"တော်စမ်းကိုမှူး.....မင်းအဲ့အချိုးတွေငါနောကျေနေပြီ.....ခုဝင်..."

ကျွန်တော့်နာရွက်ကိုလိုက်စမ်းသည့်မေမေကြောင့် အိမ်ထဲအသည်းအသန်ပြေးဝင်ရသည်။ မေမေ့လက်ထဲ ကျွန်တော့်နားသာရောက်သွားလျှင် လွတ်လမ်းမမြင်ပေ ။

"ကိုမှူး.....တစ်အိမ်လုံးရေရွှဲကုန်ပါပြီ.....စိုလက်စနဲ့ ကလေးစိတ်ချမ်းသာအောင် ထားမယ်ကိုမရှိဘူး...."

အန်တီ​လေး၏စကား​ကြောင့် အနောက်မှမေမေ့ကို ကျွန်တော်စွေကြည့်လိုက်သည် ။

"အမမသိတာကျလို့....မိုးရွာတာနဲ့ သူ့ပဲလိုက်ချောင်းနေရတာ....ဘယ်တော့ပဲကြီးရေပွဖြစ်ပြီး ဆေးရုံတင်ရမလဲပဲ"

မေမေ့စကားကြားတော့ အန်တီလေးခေါင်းညိမ့်သည် ။ အန်တီလေးဆိုတာ မေမေ့၏အမ ရည်းစားပြစ်အပျိုကြီးဖြစ်သည် ။ မေမေ့ကိုတော့ အန်တီငယ်ဟုခေါ်ကြသည် ။

ညှို့မျက်ဝန်းမှာခကြွေသူ (Completed)Where stories live. Discover now