အပိုင်း(၇)

Start from the beginning
                                    

အခန်းထဲရောက်မှ နံရံကို လက်သီးနဲ့ ငါးချက်လောက် ဆင့်ထိုးပြစ်လိုက်သည်။ လမြတ်ဝါဆို ဒီအသိုင်းဝိုင်းမှာ မနေချင်ဘူး ။ ဖွားဖွားရှိတဲ့ ရှမ်းပြည်နယ်မှာပဲ နေချင်တယ် ။ မွန်းကြပ်လွန်းလို့ လမြတ်ဝါဆို ဒေါသတွေက ပိုပိုပြီး ထွက်လာတယ်။

သူ့အသက်အရွယ်နဲ့မလိုက်အောင်ကို နာကျင်နေရတာ။

ရေကို အဆုံးထိဖွင့်ထားပြီး ရေချိုးကန်ထဲ ဝင်စိမ်နေလိုက်သည်။

တမလွန်ကို ရောက်သွားရင် ဘယ်လောက်အေးချမ်းလိုက်မလဲ။

တစ်ဖက်ခြံမှာလည်း လွန်း တစ်ယောက် ပြန်ရောက်ရောက်ချင်း လွယ်အိတ်ချပြီး မီးဖိုခန်းထဲ တန်းဝင်တော့သည်။

ဘေးနားက စင်ပေါ်မှာ မုန့်လုပ်နည်း ဆိုင်ရာ နည်းလမ်းများစာအုပ်က တစ်ဖက် ရှမ်းခေါက်ဆွဲချက်နည်း နည်းလမ်းများ  စာအုပ်ကတစ်ဖက် ဖွင့်ထားသေးသည်။

" လွန်းငယ် သားက Chef ဖြစ်ချင်တာလား "

ဖေဖေ့ အမေးကို လွန်း မဖြေအားသေး။ ရှမ်းခေါက်ဆွဲကို မလုပ်တတ် လုပ်တတ်နှင့် လုပ်နေသောကြောင့် ဖြစ်သည်။

ရှမ်းခေါက်ဆွဲ အဖတ် ဆန်ဖွယ်ကို ရေအရင်စိမ်ထားလိုက်သည်။

ပြီးမှ ဖေဖေ့ကို မနက်တည်းကနုတ်နုတ်စင်းခိုင်းထားတဲ့ ဝက်သားကို ရေခဲသေတ္တာထဲက ထုတ်ပြီး ပဲပုတ်အနှစ် ခရမ်းချဉ်သီး များများနဲ့ ဒယ်အိုးထဲ ပစ်ထည့်လိုက်သည်။

လွန်း အခုမှ အမာရွတ် ကလေး ပြောထားတဲ့ ကိစ္စကို သတိရသွားသည်။

" ဖေဖေ လွန်းငယ်လို့မခေါ်နဲ့တော့ တခြား
လရိပ်ဖြစ်ဖြစ် ဝေးဖြစ်ဖြစ် ပြောင်းခေါ် ပေးနော် ချစ်တယ် လေ အများကြီး "

ပါးစပ်ကသာ နာမည်ပြောင်းခေါ်ဖို့ပြောနေတာ လက်ကတော့ ဝက်သားအိုးကို အဆက်မပြတ်မွှေနေလိုက်သည်။

ဆီတို့ဖူးကလည်း ဖေဖေ့ကို ချက်ခိုင်းထားတော့ ကိစ္စမရှိ။ ဝက်သားအိုး တည်ပြီး ဒယ်အိုးဆေးပြီး ကြက်သွန်ဖြူကို ဆီသတ်ရပြန်သည်။

ကြက်သွန်ဖြူ ဆီသတ်ထားတုန်း မြေပဲတစ်ဆုံထောင်း နှမ်းတစ်ဆုံထောင်း မြန်မြန်ထောင်းလိုက်သည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now