အမေလဲ ဘဂျမ်းကိုချစ်တာပါပဲ။
ဘဂျမ်း မျက်နှာတစ်ကမ္ဘာထင်တဲ့သူပါပဲ။
ဒါပေမဲ့...ငယ်ထွေးလို ဒီအရွယ်ထိရင်ခွင်ထဲ ထည့်ဖက်ပြီးပွေ့ထား ချီထားမတတ်တော့ မဟုတ်ပါ။အခုလဲ... စိတ်တိုင်းကျ စားသောက်ပြီးတာနဲ့...အဖွားရင်ခွင်ထဲဝင်ထိုင်နေတော့သည်။
အဖွားက သူ့မြေးကိုယ်လုံးကိုမနိုင်တော့ ခြေနှစ်ဖက်စင်းချပြီး ရင်ခွင်ထဲထည့်ဖက်ထားပေးရှာသည်။
အမေကမီးဖိုချောင်ထဲမှာတကုပ်ကုပ်ချက်ပြုတ်နေသည်။
ဘဂျမ်းမှာ ငယ်ထွေးလုပ်သမျှပဲ ငေးကြည့်နေရသည်။
သူ့အနား လာထိုင်ဆိုလို့ မီးဖိုထဲကူပေးချင်ပါတယ်ဆိုတာတောင်မရ...သူ့အနား ထိုင်နေရသည်။
အဖွားကလဲ စကားတစ်ခွန်းပြော...သူ့မြေးတစ်ချက်နမ်းနဲ့ မြေးအဖွားနှစ်ယောက်အလွမ်းသယ်လို့မဝကြသေး။
.
.
.နေ့လည်စာ မစားခင်....ဟိုနားဒီနား လျှောက်ပြမယ်ဆိုလို့..နှစ်ယောက်သားထွက်လာခဲ့ကြသည်။
"ငယ်ထွေး...."
"မောင်...."
"အမေနဲ့အဖွားက ငယ်ထွေးကိုသိပ်ချစ်တာနော်"
"ဟုတ်တယ်....ဖေဖေဆုံးသွားတော့...ငယ့်ကို သနားလို့နေမှာပေါ့....အရမ်းချစ်ကြတာ"
"ခုထိကလေးလိုပဲနော်....ငယ်ထွေးကလဲ ချွဲလိုက်တာ"
"မောင်ရဲ့...ငယ်က ချွဲနေကျ မရတော့ဘူး...ပြီးတော့ အိမ်ကိုပြန်ရောက်မှ....ငယ်က အဲ့လိုနေရတာ....ဆေးရုံမှာ ဆေးခန်းမှာဆို အရမ်းတည်ငြိမ်နေရတာလေ...တစ်ခါတစ်လေ...ငယ် စိတ်က မွန်းကျပ်တယ်"
"ဟင်....သနားစရာ"
"ငယ့်ကို မခွဲနိုင်ကြဘူးလေ... မေမေနဲ့ဖွားက...အဝေးမှာကျောင်းတက်ရတာကိုလဲ ငယ် တောင်းဆိုလွန်းလို့သာ.....မလွှတ်ချင်ကြဘူး"
"အေးလေ...ဒီလောက်ချစ်ကြတာ..မောင်လဲ တွေးနေတာ....ငယ်ရန်ကုန်သွားတော့ ဘယ်လောက်လွမ်းနေကြလိမ့်မလဲလို့"
"ဝတ်ရည်တို့အိမ်ရောက်တော့....တော်သေးတာပေါ့"
"ဟုတ်တယ်နော်....တစ်မိသားစုလုံး သဘောထားပြည့်လိုက်ကြတာ"
"ငယ် ကံကောင်းတာပါ...ကျောင်းမှာ စပြီးပေါင်းမိတာ ဝတ်ရည်နဲ့အာကာဖြစ်နေတာကိုး"
YOU ARE READING
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....
part(49)
Start from the beginning