Part 26

5.8K 584 301
                                    

Unicode

"ပြန်လိုချင်တယ် ခဗျားစိတ်ကြိုက် အကုန်လုပ်ပေးမှာ မို့လို့ နှစ်နဲ့လဲ မတွဲဘူး"

ဏိင်းက ဘေးတွင် နံရံကိုမှီရင်း ‌ဆေးလိပ်
ဖွာကာပြောလိုက်သည်။

တိုက်ပေါ်က ပြုတ်ကျ ထားတာတောင်
ခုထိ ဦးနှောက်က မကောင်းသေးဘူး လွတ်တုန်းပဲ

ထို့နောက် နင့်‌ကတော့ ပုံမှန်းအတိုင်း
စိတ်မရှည်သော အသံဖြင့်သာ

"မင်းကိုပဲ ချစ်မယ် လိုချင်တာ အကုန်ဝယ်ပေးမယ်ဗျာ...ပြဿနာထပ်မဖြစ်ချင်ဘူး ဒီတိုင်း လက်ခံလိုက်စမ်းပါ.."

"ရေး လက်ခံရင် ကျွန်တော် ရေးလိုချင်တာ အကုန်ပေးနိုင်တယ် ဟိုကောင်ထပ် ပိုပြီး ဖြည့်စီးပေးနိုင်တယ်..."

ရေး နားနေခန်းတွင် ရှိနေတုန်း
ဘေးတွင် တတွတ်တွတ်လာပြော
နေသော သူတို့ကို ကြည့်ကာ အော် သာ
ရီချင်လိုက်သည်။

အခုထိ ငါ့ကို ငွေမက်တယ်လို့ ထင်နေကြတာပဲ...
သူတို့က ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။

"ငါ....မင်းတို့ကို ဘယ်လို ယုံပေးရမှာလဲ?"

"ဆန္ဒရှိရင် နှစ်ကို သတ်ပေးမယ်"

ကွန် က ရေး၏ ဆံပင်လေးအား သပ်
ပေးကာ ပြောလိုက်သည်။

"မင်းတို့ မလုပ်နိုင်ဘူး ဘာလို့လဲ သိလား မင်းတို့က အမှားအမှန် ခွဲခြားနိုင်လောက် အထိ ဦးနှောက်မရှိဘူးလေ"

ရေး ပြုံးကာ ပြောလိုက်သည်။ကွန် ကတော့
အနာပေါ် တုတ်ကျသွား၍ စပ်သွားလားတော့
မသိ..

*ဝုန်း..!!*

ကွန် ဒေါသထွက်ကာ ရေးအား စောင့်
တွန်းလိုက်သည်။

သူလိုလူမျိုးကို ဘယ်သူမှ ထိုသို့ မပြောရဲကြ
ရေးက လွှတ်ပေးထားလို့ တော်တော်ဆိုး
လာတာပဲ...

အားပြင်းသော‌ကြောင့်ရေး ခုံစောင်းနှင့် ခိုင်းမိသွားသဖြင့်
နှဖူးမှ သွေးအနည်းငယ်စီးကျလာသည်။

ရေး စိတ်တိုသွားသည်။သူလိုလူ‌ကများ
ရာရာစစ..!

ရေး ကုန်းရုန်းကာ ထလိုက်ပြီး ကွန်ဆီသို့
သွားကာ ဆံပင်ကိုဆွဲပြီး ခုံပေါ်သို့
သူ့ခေါင်းအား စောင့်ချပစ်လိုက်သည်။

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now