အပိုင်း(၆)

39.2K 3.8K 418
                                    

တစ်ဦးဆိုင် ရပ်ဝန်း

Unicode

ကျောင်းဝန်းထဲ စတင်ခြေချလိုက်သည်နှင့် လွန်းလရိပ်ဝေး နှာခေါင်းထဲ ကံ့ကော်ပန်းရနံ့များက သင်းပျံ့လာပါတော့သည်။

" မွှေးနေတာပဲ သဘောကြလိုက်တာ အမာရွတ် ကလေးရယ် "

နှာခေါင်လေးကို တရှုံ့ရှုံ့လုပ်ကာ အနံ့ခံနေသော စတော်ဘယ်ရီ ပူတင်း ကြောင့် လမြတ်ဝါဆို သဘောတကြ ကြည့်နေလိုက်သည်။

" ပန်းကြိုက်တာလား စတော်ဘယ်ရီပူတင်း  "

" ဟင့်အင်း မကြိုက်ပါဘူး   ငါက ပန်းကရတဲ့ ရနံ့ကို သဘောကြတာ အမာရွတ်ကလေးရဲ့  ကံ့ကော်ပန်းတို့ ပိတောက်ပန်းတို့ ခရေပန်းတို့ကို အခြောက်ခံပြီး သိမ်းထားရင် တအားမွှေးတာလေ သိတယ်မလား "

ကံ့ကော်ပင်ကြီးကို တမေ့တမော ငေးကြည့်နေသူကြောင့် လမြတ်ဝါဆို ခူးပေးဖို့ မေး
ကြည့်လိုက်သည်။

" လိုချင်လား "

" ဟင့်အင်း ငါ့လက်ထဲရောက်လာမှာထက်စာရင် သူ့နေရာလေးနဲ့သူရှိနေတာ ပိုကောင်းပါတယ် အမာရွတ်ကလေးရဲ့ "

" အာ့ဆိုလည်း ငေးမနေနဲ့တော့ သွားမယ် လာ "

" အင်း "

လမြတ်ဝါဆို စက်ဘီးကို ရပ်နေကြ နေရာမှာပဲ ရပ်ထားကာ ပြီးမှ စတော်ဘယ်ရီပူတင်း ကို ကျောင်းအုပ်ကြီး ရုံးခန်းသို့ ခေါ်သွားပေးလိုက်သည်။

" ငါတစ်ခါတည်း ပြောထားမယ်နော် မင်း ငါရှိတဲ့ အခန်းမှာပဲ နေမယ်လို့ ပြောနော် စတော်ဘယ်ရီပူတင်း  ကြားလား မဟုတ်ရင် မင်းကိုငါက ခေါ်တော့မှာ မဟုတ်ဘူး "

မခေါ်တော့ဘူး ဆိုတဲ့ အသံကြောင့် လွန်းလရိပ်ဝေး လန့်သွားရသည်။ သူ့ကို အမာရွတ် ကလေးက မခေါ်လို့မဖြစ်ဘူး သူ့မှာ
ဘေးဘေနဲ့  အမာရွတ် ကလေးပဲ ရှိတာ ။

" စိတ်ချ ငါမင်းနဲ့ တစ်ခန်းထဲ အတူတူထိုင်ရအောင် လို့ ကျောင်းအုပ်ကြီး ကိုပြောမယ် မခေါ်ပဲတော့မနေနဲ့ "

" သွား သွား ဟို အခန်း သိတယ်မလား သေချာပြောခဲ့နော် စတော်ဘယ်ရီပူတင်း "

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now