"အဟင်း.....ငါဝင်ပါစရာ မလိုအောင် ဇာတ်လမ်းက ပြည့်စုံနေတာပဲ"

ဘေးအကွယ်မှ သူမတစ်ယောက် ဆေးလိပ်
တစ်ချက်ဖွာရင်း နီနီရဲရဲ နှုတ်ဖျားမှ

ထွက်လာသော စကားများသည် အလွန်
ကြောက်စရာကောင်းသည်။

"သူ့ကို စောင့်ကြည့်ထား"

"တစ်ခါထဲရှင်းလိုက်ရမလား မမလေး"

"No...သွားမထိနဲ့ဦး သူက မင်းစေရာ လက်အောက်မှာ ဖြစ်နေတယ်"

တစ်ကြိမ်ထဲနှင့် အမှတ်မရှိသော သူမသည်
အကယ်၍ ရေးအား ထိပါးရန်ကြံစည်

နေသော်လည်း  မင်းစေရာ
ဆိုသော တံတိုင်းကြီးကို ကျော်နိုင်မည်တဲ့လား။

....My Husbands Are Shameless....

"ရေး...ကိုယ်နဲ့ အတူတူပြန်ရအောင်"

"အင်း..Wick ကျွန်တော် Toilet ခနဝင်လိုက်ဦးမယ်"

ရေးတို့ အလုပ်ကိစ္စအတွက် တဖက်မှ ဖောက်သည်က ဒီနေရာတွင်သာ ဆွေးနွေးမည် ဆိုသောကြောင့် Club သို့ရောက်နေခြင်း

"ကိုယ်လဲ လိုက်ခဲ့မယ်"

"ဗျာ..."

ဝီရက ရေးလက်အားဆွဲရင်း ပြောလိုက်သည်။
Wick ကတော့တကယ်ပါပဲ..

"ဘာမှ မဖြစ်ဘူး ဒီမှာပဲ စောင့်နေနော်.."

ရေး Wick လက်ကို ဖြုတ်ချကာ Toilet
သို့သွားလိုက်သည်။
Toilet ထဲတွင် ဆင်ဆာမဲ့ အသံများကြား
သော်လည်း လျစ်လျူထားလိုက်သည်။

ဒီလိုနေရာမျိုးမှာ ဒါမျိုးက ရှိမှာပဲလေ..
သို့သော် ထိုနေရာမှ ထွက်လာသူက..

"ရေး....ဒီမှာ ဘာလုပ်နေတာလဲ"

ရေး လက်ဆေးနေတုန်း ခါကိုရစ်တွယ်လာသော နောက်မှလက်တစ်စုံကြောင့် လန့်ကာ
တဖက်သို့ လှည့်ရင်း တွန်းလိုက်သည်။

"ဟားး....ရေးက သန်လိုက်တာဗျာ ကျွန်တော်နာသွားပြီ"

"ကျစ်..!ရွံစရာကောင်းလိုက်တာ."

ရေးကပြောရင်းဆိုရင်း သူ၏ခါးမှ
အင်္ကျီကို ရွံရှာစွာ ပိုးသတ်ဆေးဘူးဖြင့်
ဖြန်းနေသည်။

နင့်နှင့် အတူပါလာသော ကောင်မလေးကတော့ ထိုနေရာမှ ထွက်သွားတာကြာလေပြီ..

My Husbands Are Shameless (ငါ့ခင်ပွန်းတွေက အရှက်မရှိဘူး!) Oh My Daddy S 2Where stories live. Discover now