စာကြောင်းအမျိုးအစား(U/Z)

Начните с самого начала
                                    

   wattpadမှာ တချို့ဇာတ်လမ်းတွေရှိတယ်

>> ဇာတ်ကောင်တိုင်းက ဇာတ်ကွက်တိုင်းလိုလိုမှာ ဘာမှမဟုတ်ဘဲ အရမ်းfeelပြ ❎❎

>>အခန်းတိုင်း ဘာမှမဟုတ်တာလေးနဲ့အကြီးအကျယ်ပေါက်ကွဲပြ❎❎

(တခန်းလည်းမဟုတ် နှစ်ခန်းလည်းမဟုတ်ဘဲ ဦးနှောက်ကောင်းတဲ့လူဆိုမလုပ်တာတွေလုပ်ပြတယ်
ဇာတ်ကောင်က ဆိုက်ကိုလည်းမဟုတ်
စိတ်မှမှန်သေးရဲ့လား တွေးမိပါတယ်
ဆိုက်ကိုဆိုရင်တောင် အဲလိုရေးပြတာ ဆိုက်ကိုဆိုတဲ့ထိတ်လန့်ကြောက်ရွံ့စရာလိုခံစားချက်မရဘဲ "ကျပ်မပြည့်တဲ့ကောင်"လို့ပဲ ခံစားရပါတယ်)

>>နောက်တစ်ခုက ရှိသေးတယ်

"ဇာတ်ကောင်ကို မူးယစ်ဆေးစွဲနေသလို ထင်စေတဲ့ ရေးသားချက်" ❎❎

ဒါက ဘယ်လိုအရေးအသားကိုပြောချင်တာလဲဆိုတာ မြင်သာအောင်ရေးပြမယ်။

[ ချမ်းမင်းက သူငယ်ချင်းကိုပြုံးပြတယ် ပြုံးပြတယ်လား သူအပြုံးလေးက တခြားသူအတွက်ဆိုတော့ အသည်းတွေကွဲရတယ် ဟော နောက်ထပ်တစ်ယောက်နဲ့ပုခုံးဖက်ပြီး အခန်းအပြင်ဖက်ကိုထွက်သွားပြီ ရယ်သံလေးက ချိုမြိန်လိုက်တာ ကျွန်တော်ညမှာ အိမ်မက်ချိုချိုလေးတွေ မက်တော့မယ်ထင်ပါရဲ့ လေပြေလေးတွေဆော့ကစားသွားတဲ့ သူဆံနွယ်လေးတွေက နုညံ့လွန်းလို့ တခြားသူထိမှာ အရမ်းစိုးရိမ်မိတယ်  ချမ်းမင်း ဗလာ ဗလာ နေရောင်က ဗလာ ဗလာ ကျွန်တော်ခံစားချက်က ဗလာ ဗလာ .…………………………………………………………………………………………………………]

ကဲ မပြီးနိုင်မစီးနိုင် အပိုင်း (40)ရှိရင် (40)လုံး ဒါမျိုးတွေချည်းရေးထားပါတယ်ရှင်။ စာဖတ်သူတို့ပဲပြောကြပါတော့။ချမ်းမင်းကိုလိုက်ကြည့်နေတဲ့သူက အတွေးတွေလွန်နေတတ်တဲ့စိတ်ရောဂါသည်လည်း မဟုတ်ဘဲနဲ့ အပိုင်း (40)လုံးပဲ အဲလိုကြီး တွေးလည်းတွေးနိုင်လွန်းတယ်။

ဇာတ်လမ်းမှာပါတဲ့ဇာတ်ကောင်တစ်ခုကိုပဲ ရေးထားတာမဟုတ်ဘဲ ဇာတ်ကောင် ၃ယောက်ပါရင် ၃ယောက်လုံး အဲလိုချည်းပဲရေးထားတာပါ။ဇာတ်ကောင်တွေအကုန်လုံး ငေးတိငေငိုင်ထိုင်းထိုင်းမှိုင်းမှိုင်းနဲ့ တဖက်က ဘာမှမဟုတ်တာလေးလုပ်ရင်တောင် ကျပ်မပြည့်တဲ့ကောင်လို သောက်ရမ်းတွေထင်ချင်ရာထင်ပြီးတွေးချင်ရာတွေးနေတာမျိုး ရေးတတ်လို့

မြန်မာစာပေအခြေခံမှ ရသစာပေသို့Место, где живут истории. Откройте их для себя