Part - 1 (Unicode)

Start from the beginning
                                    

လျှောက်လမ်းမထက် သူဖြတ်လာသည့်အခါတွင် ကင်မရာမီးရောင်များက သူတစ်ဦးတည်းထံတွင်သာ။ ကြုံတုန်းဆုံခိုက် အင်တာဗျူးချင်သည့် သတင်းထောက်များက မနည်းမနော။ သို့ပေမယ့် သူကဘာမှပြန်မပြော ပြုံး၍သာကြည့်သွားပြီး ခန်းမကျယ်ကြီးအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သူရောက်လာသည့် အချိန်သည် ပွဲစရန် နာရီဝက်မျှသာ လိုတော့သည်မို့ ခန်းမအတွင်း လူအများအပြားရောက်နေပြီး ထိုသူများအားလုံးမှာ ဖိတ်ကြားခံရသူများဖြစ်ပြီး ကိုယ်တိုင်စင်ပေါ်တက်ရန်မဟုတ်လျှင် မိမိနှင့်ရင်းနှီးသူများအတွက် လာရောက် ဂုဏ်ပြုကြခြင်းဖြစ်သည်။

သူ့အတွက် ဖယ်ချန်ထားသောနေရာသည် ပိတ်ကားနောက်ခံထားရှိသော စင်မြင့်နှင့် မျက်နှာချင်းဆိုင် အရှေ့ဘက် သုံးတန်းမြောက်တွင်ဖြစ်ပြီး အလယ်နားလောက်တွင်ဖြစ်သည်။ အရမ်းလည်းမနီးသလို သိပ်လည်းမဝေးသောကြောင့် အတော်အဆင်ပြေသည့်နေရာတစ်ခု။

အစီစဥ်တင်ဆက်သူတစ်ဦး စင်မြင့်ပေါ်မရောက်လာသေးခင်အချိန်ထိ အချို့သော ကပြ​ဖျော်ဖြေမှုများရှိနေပြီး ခန်းမအတွင်း စကားပြောသံများနှင့် ဟိုဒီသွားလာနေသည့် လူအချို့လည်းရှိသည်။

သူ့အား နှုတ်ဆက်ချင်သူများနှင့် စကားလာပြောချင်သူများလည်းရှိပေမယ့် သူ့ဘေးနားသို့သိပ်မကပ်ရဲကြ။ သူ့အရှိန်အဝါကို မခံစားနိုင်သလို သူ့ဘေးနားရပ်နေလျှင်ပင် သိမ်ငယ်သလိုခံစားချက်မျိုးက ရင်တွင်းဝင်ရောက်ကာ အားကျိုးမာန်တက် ထိုးနှက်ခြင်းခံနေရမည်။

သူ့ထိုင်ခုံဘေးရှိ လူများကတော့ သူ့အားနှုတ်ဆက်ရင်း ဘာမှမဖြစ်သကဲ့သို့ အေးဆေးပင် စကားပြောဆိုနေကြသည်။ သို့သော်လည်း သူတို့စကားဝိုင်းထဲ ပါမလာသော သူ့ကြောင့် သူတို့လည်းလက်လျှော့ရင်း အခြားသူတို့ဘေးတွင်ရှိသော လူများနှင့်သာ ဖောင်ဖွဲ့ပြောဆိုနေတော့သည်။

သူ့အား စကားပြောမည့်သူတစ်ဦးမှ မရှိတော့လျှင် ထိုနေရာအားသူနှင့်မဆိုင်သလို မျက်ဝန်းမှိတ်ကာ အနောက်သို့မှီရင်း ဇိမ်ကျကျအနားယူနေသည်။ ပတ်ဝန်းကျင်ရှိ မငြိမ်မသက်အသံများက သူ့အားမနှောင့်ယှက်နိုင်သလို သူတစ်ယောက်တည်း တခြားကမ္ဘာရောက်နေသလို အနားယူမှေးစက်ခြင်းမှ ပျော်ဝင်နေတော့သည်။

WITH COMPASS (On Going)Where stories live. Discover now