"ရိုးရိုးဖျားတာက မောင်သာ အပေတုံးမလုပ်ရင် သက်သာတာမြန်တယ်....ငယ့်စကား နားထောင်နော်"

"ငယ့်စကား မောင်နားမထောင်တာ မရှိပါဘူး ငယ်ရယ်"

"အပြောကရွှေမန်း...ကပြတော့ ချိုမိုင်မိုင်"

"အဟွန်းးးး"

"မဟုတ်လို့လား"

"မောင့်ကို အလုပ်လေးတော့ လုပ်ခွင့်ပေးပါ ငယ်ရယ်...အဲ့တစ်ခုပါပဲ...နော်...ကျန်တာငယ့်သဘော...ပြီးတော့...မောင်...အရမ်းမမောင်းပါဘူး...တစ်ခေါက် နှစ်ခေါက်လောက်ပဲလေ...နော်"

"လောလောဆယ်တော့....အဲ့လိုပဲ လုပ်ရမှာပေါ့...ငယ်တစ်ထစ်လျှော့ပေးလိုက်မယ်..... လိုအပ်လို့ ငယ်က ရပ်ရတော့မယ်လို့ပြောရင် အဲ့ကျ ချက်ချင်းရပ်လိုက်တော့...ငယ် တစ်ခုခုပေါ့...စီစဥ်မယ်"

"အင်း...ငယ့်​ထွေးလေး ပြောတဲ့အတိုင်း..."

မောင့်နှုတ်ခမ်းမှာပေနေတာကို သုတ်ပေးတယ်။ မောင့်မျက်နှာကို သေသေချာချာ လက်ကလေးနဲ့ထိကိုင်ပြီးကြည့်တယ်။ မောင့်လက်တွေဆွဲယူပြီး ငယ့်ပါးလေးမှာကပ်ထားမိတယ်။

"ငယ်ထွေးလေး...သိလား...မောင်လေ....ဒီရက်ပိုင်း ငယ်ထွေးနဲ့အဝေးကြီးဝေးသွားသလို ခံစားနေရတယ်"

"ကိုငြိမ်းမိုး ကြောင့်မှလား"

"အဲ့လိုလဲ မဟုတ်ပါဘူး....ကိုငြိမ်းမိုးကြောင့်ဆိုပေမဲ့ အမှန်တရားက ငယ်နဲ့မောင် အဝေးကြီးဆိုတာပဲလေ...ကိုငြိမ်းမိုးကြောင့်ပဲ ငယ်နဲ့မောင် ဘယ်လောက်ဘဝချင်းဝေးလဲ မြင်လိုက်ရသလိုပဲ"

"မဝေးဘူး မောင်....မောင် ထင်သလို မဝေးဘူး...ငယ်က အမြဲမောင့်အပိုင်....မောင်စိတ်ချပြီးနေစမ်းပါ...ငယ့်ကို မောင် ပိုင်တယ်...အပြီးပိုင်တယ်"

"မောင်သိပါတယ်....ငယ်ထွေးရယ်...ဒါပေမဲ့..."

"ဒါပေမဲ့မရှိဘူး...မောင့်မှာငယ်ပဲရှိတယ်...ငယ်ကမောင့်အပိုင်....မောင်က ငယ့်အပိုင်ပဲ"

"အင်း...အင်း...ဟုတ်တယ်"

ရင်ခွင်ထဲဝင်လာပြီး ဖက်ထားတော့တယ်။

"အဖျားကူးပါ့မယ်....ငယ်ထွေးရယ်"

"မောင့်ကို....နမ်းချင်တယ်"

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now