အခန်း (၅၇)

Start from the beginning
                                    

ဆုစီသည် ဖေ့ကျင်းအာ လှေကားများအတိုင်း လမ်းပြခေါ်ဆောင်သွားပြီး အခန်းတံခါးတစ်ခုအရှေ့၌ ရပ်လိုက်သည်။ တံခါးအဟကြားမှနေ၍ အတွင်းက မီးအလင်းရောင်ကို မြင်နေနိုင်လေသည်။

"သူ အထဲမှာ ရှိတယ်" ဆုစီက ဆိုသည်။ "ကျွန်တော် ဝမ်ရယ်ကို အပြင်ကနေ စောင့်နေပေးပါမယ်"

"အင်း၊ တစ်ခုခု ထူးခြားသေးလား" ဖေ့ကျင်း မေးလိုက်သည်။ 

"ဝမ်ရယ် ကိုယ်တိုင် မြင်တာ ပိုကောင်းမယ် ထင်တယ်" ဆုစီက ပြောလိုက်လေသည်။

သတင်းကောင်း မဟုတ်တန်ရာဟု ဖေ့ကျင်း တွေးမိလိုက်သည်။ သူ ဆုစီ လှေကားပေါ်ပြန်တက်သွားသည်ကို ကြည့်ပြီး နောက်တော့ သူ တံခါးကို ဖွင့်လိုက်သည်။

အခန်းတွင်းမှာတော့ ဖေ့လန်သည် ဖြူဖျော့စွာဖြင့် စားပွဲမှာ မှိုင်တွေစွာ ထိုင်နေလေသည်။ ဆံပင်ကလဲ ဖရိုဖရဲ။

"နဝမအစ်ကို" ဖေ့လန်က ​ခေါ်လိုက်သည်။

ဖေ့လန်၏ အံ့သြဖွယ်ရာ တည်ငြိမ်နေနိုင်မှုကို မြင်သောအခါ ဖေ့ကျင်း ကျောချမ်းသွားရလေသည်။ ဖေ့လန်မှာ သူ လာတွေ့မည်ကို ကြိုတင် ခန့်မှန်းမိထားသည့်အလား မအံ့သြနေပေ။

ဖေ့လန်သည် ဖေ့ကျင်းကို ကျောခိုင်းထားပြီး သံတိုင်ကန့်ထားသော ပြတင်းဘက်ကိုသာ ငေးကြည့်နေလေသည်။ "အစ်ကို (၉) ဘယ်ချိန်များ လာတွေ့မလဲလို့ ကျွန်တော်ကို ကျွန်တော် မေးကြည့်နေတာ၊ ဒီလောက် အစောကြီး ရောက်လာမယ်လို့ မထင်ထားဘူ၊ အခု ၁၂ ရက်လား ၁၃ ရက်ရှိသွားပြီလား. . . အစ်ကိုတော်(၉) ဒီနေရာကို ကြည့်စမ်းပါဦး၊ နေ့လား ညလား သိနိုင်ဖို့ ခဲယဉ်းတယ်လေ" 

ဆုစီစကားကို ဖေ့ကျင်း နားလည်သွားလေပြီ။ ဖေ့လန်မှာ မိမိဘာသာ တစ်ကိုယ်တည်း စကားတွေ ရေရွတ်နေတတ်သည်ကိုး။

"ငါမှန်း မင်း ဘယ်လို သိတာလဲ" ဖေ့ကျင်း မေးလိုက်လေသည်။

ဖေ့လန် လှည့်လာပြီး ဖေ့ကျင်းကို ကြည့်လိုက်သည်။ "နဝမမင်းသား ဘာတွေ ကြောက်နေတာလဲ" 

ဖေ့လန်၏ အကြည့်များ အဘယ်ကြောင့် အသက်ဝိညာဉ် ကင်းမဲ့နေသလဲ ဖေ့ကျင်း မသိ။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now