အခန်း (၅၇)

Start from the beginning
                                    

"အမျိုးကောင်းသား ဆုစီကို အလုပ်ရှုပ်စေရတော့မယ်၊ အားနာပါရဲ့" ဖေ့ကျင်းက ပြောရင်းဆိုရင်း ဆိုင်ထဲ ဝင်သွားတော့လေသည်။

ဆိုင်အထဲရှိ အခြားသော ဝယ်သူများသည်လည်း ဖေ့ကျင်းအကြောင်း တီးတိုးပြောနေကြတော့လေသည်။

"နဝမမင်းသားက ကြင်နာတတ်ပြီး သဘောကောင်းတယ်ဆိုတဲ့ ကောလဟလတွေ အတိုင်းပဲနော်" ပထမ လုလင်ငယ်က ဆိုသည်။ "ခုနလေးတင်ကြားလိုက်တာ ရှားပါးကျောက်စိမ်းလက်ကောက်တစ်စုံကို သူ့ကြင်ယာတော်အတွက် လာဝယ်ပေးတာတဲ့"

"နဝမမင်းသား သူ့ဝမ်ဖေးကို ဘယ်လောက်တောင် အလိုလိုက်ယုယလိုက်သလဲ မင်း မသိပါဘူးကွာ" ဒုတိယ လူငယ်ကို ပြောလာသည်။ "နဝမမင်းသားအတွက် ရွှေငွေ ဥစ္စာရတနာတွေက ဇနီးရဲ့ အပြုံးကို ဘယ်မီပါ့မလဲ"

"မင်းကကျတော့ရော" ပထမလူငယ်က ပြန်ပြောတော့သည်။ "မင်း ဒီလက်စွပ်ကို မဝယ်ဘူးလား၊ ငွေတုံး ငါးရာပဲ ကျသင့်တာနော်၊ မင်း မဝယ်တာ ငွေတွေ နမြောနေရမှာစိုးလို့ မဟုတ်လား"

"မဟုတ်ပါဘူး၊ ငါက ရွေးကြည့်ချင်သေးလို့" ဒုတိယ လူငယ်က ​ဖြေလေ၏။ "ဖုဝူ ဒီလက်စွပ်နဲ့ အလားသဏ္ဍာန်တူတဲ့ ဟာလေးတွေများ ရှိသေးသလား"

ဆုစီကတော့ ဖေ့ကျင်းကို သီးသန့်အခန်းတစ်ခုအတွင်း ခေါ်လာခဲ့လိုက်သည်။

"ဘုရားဘုရား၊ နဝမမင်းသား ဒီကျောက်စိမ်းကို ယူသွားလိုက်ပါတော့၊ တောင်းပန်ပါတယ်" ဆုစီက ဆိုသည်။ "ဒီကျောက်စိမ်းကို ဒီမှာ ထားထားတော့ ကျွန်တော့မှာ အိပ်မပျော်နိုင်အောင်ကို ဖြစ်ရပါတယ်"

"မင်း ပါးပြင်တွေကတော့ ကျန်းကျန်းမာမာ ပန်းသွေးရောင်ထနေတာပဲနော်၊ အရင်ကထက်ကို တက်ကြွသွက်လက်နေသေးတယ်" ဖေ့ကျင်းက ပြန်ပြောလိုက်လေသည်။

"ဒါ ဟန်ဆောင်ထားတာဗျ...!" ဆုစီက ပြန်ဆိုသည်။

"ကျောက်စိမ်းသာပြ"

ဆုစီလည်း အကွယ်နေရာကလေး၌ ရှိသော ရွှံ့ရုပ်တစ်ရုပ်ကို တွန်းလိုက်လေသည်။ နံရံနောက်မှ လျှို့ဝှက်လမ်းတစ်ခု ပေါ်လာတော့လေသည်။

ဖေ့ကျင်းက ကျယ်ကျယ်ဝန်းဝန်းရှိသော လမ်းကြောင်းကို ငုံ့ကြည့်လိုက်လေသည်။ "အထင်ကြီးလောက်စရာပဲ"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now