အခန်း (၅၇)

Start from the beginning
                                    

ရန်ရှီးနဉ် နှုတ်ခမ်းတို့ကို လျှာဖြင့် သပ်လိုက်ရင်း ဝမ်းက ဆာလာတော့သည်။

"ရှီးနဉ် အခုတလော အစာပျော့ပျော့အိအိလေးတွေပဲ ချင်ခြင်းတပ်နေတယ်နော်"

"ဟင်၊ ကျွန်မ ချင်ခြင်းတပ်တာတွေက မကောင်းတာပါလို့လား" ရန်ရှီးနဉ် မေးလေသည်။

"ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ယောက်က အစာအိအိလေးတွေ ချင်ခြင်းတပ်ရင်တဲ့ သားယောက်ျားလေး မွေးမှာတဲ့ လူကြီး သူမတွေ ပြောကြတယ်" ဖေ့ကျင်းက ရန်ရှီးနဉ်၏ ဝမ်းဗိုက်ကို ပွတ်သပ်ရင်း ပြောလေသည်။ "ကိုယ်တို့ကလေးက သားလေးလို့ ထင်လား"

ရန်ရှီးနဉ် ဖေ့ကျင်းကို ကန်လိုက်တော့သည်။ သူ့လက်များက သူမ ဝမ်းဗိုက်အောက်ကို နယ်ကျွံလာသောကြောင့်ပင်။ "ဖေ့ကျင်း လက်ဖယ်စမ်း...!"

ဖေ့ကျင်း ရန်ရှီးနဉ်ကို အနမ်းပေးလိုက်ပြီးနောက် အဝတ်အစားလဲကာ အိပ်ခန်းဆောင်တွင်းမှ မထွက်ချင် ထွက်ချင် ထွက်သွားတော့လေသည်။ မနေ့ညက ရန်ရှီးနဉ်ကို စားလိုက်ရသဖြင့် သူ ကျေနပ်သည်၊ သို့သော် သူမ ကိုယ်ဝန်မရှိခင်ကလောက် မကြာခဏ မစားရသောကြောင့် စိတ်မကောင်းဖြစ်နေမိလေ၏။

မြို့တော် အနောက်ပိုင်း၌ ဆုစီ အမည်ရသော အမျိုးကောင်းသားတစ်ဦး၏ အရောင်းအဝယ်ကောင်းသော ဆိုင်တစ်ဆိုင်ရှိလေသည်။ အမျိုးကောင်းသား ဆုသည် ဆိုင်ရှေ့မှနေ၍ ဈေးဝယ်သူများကို ပျူပျူငှာငှာ ကြိုဆိုနေသည်။ မြင်းလှည်းအတွင်းမှ ဖေ့ကျင်း ထွက်လာသည်ကို တွေ့သောအခါ ပြုံးလိုက်လေတော့သည်။

"နဝမမင်းသား ဘယ်လေတိုက်လို့ ရောက်လာတာပါလဲ" ဆုစီက မေးလေသည်။ "လာကြစမ်း၊ နဝမမင်းသားဖို့ အဖိုးတန် လက်ဖက်ရည်နွေး တည်ခင်းပေးကြစမ်း"

"အမျိုးကောင်းသား ဆုစီ သိပ်ပြီး ရက်ရောတာပဲ" ဖေ့ကျင်းက ချီးကျူးလိုက်သည်။ "ခင်ဗျားဆိုင်မှာ ရှားပါး ကျောက်စိမ်းလက်ကောက်တစ်ကွင်းရှိနေတယ်လို့ ကြားထားတယ်၊ ပန်ဝမ် ကျောက်စိမ်းလက်ကောက် ကြည့်ချင်လို့"

"နဝမမင်းသား ကျွန်တော် နားလည်ပါပြီ" ဆုစီ ပြောလိုက်သည်။ "အထဲ ဝင်ပါဦး၊ အခါးရည်လေးသောက်ရင်း စကားပြောကြတာပေါ့"

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now