"ကောင်လေး မင်းက ငါ့ပြိုင်ဖက်မဟုတ်ဘူး"

ရင်ဘက်ကို အားပြင်းပြင်းနဲ့ ရိုက်ချလိုက်​တော့ မိုင်ကယ်တယောက်အဝေးကို လွင့်သွားသည်။ရှောင်ကျန့်က အလျင်အမြန် မိငြ်ကယ်စီသွားပြီး

"ပြေးတော့"

"ဟေ့ကောင် မင်းကတော့ .......ငါမင်းကို မထားသွားဘူး"

"ဟားဟား အတော်ချစ်တဲ့သူငယ်ချင်းတွေပါလား အဲ့လိုဆိုတော့လဲ မင်းတို့ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်"

ရစ်တာအနားမရောက်ခင် ရှောင်ကျန့်က မိုင်ကယ်လက်မောင်းမှ ပင့်ကာ လေထဲတွင် ပျံတက်သွားပြီး လျင်မြန်တဲ့ နှုန်းနဲ့ပျောက်ကွယ်သွားတော့​သည်။

ရစ်တာကတော့ ရက်စက်တဲ့အပြုံးကို ဖန်တီးကာ မင်းရော လူပြန်ဝင်စားတဲ့ နှစ်ယောက်စလုံး ငါ့လက်ထဲမှာ ပြန်ပြီး သေရမယ်။ ဟားဟားဟားဟား။ ထိုအချိန်သူ့ဘေးနားမှာ အမဲရောင်ခေါင်းစွပ်ဝတ်ထားသောသူတယောက်ပေါ်လာတယ်။

"ရစ်တာ မင်းကို ခေါင်းဆောင်ခေါ်ခိုင်းလိုက်တယ်"

"ကောင်းပြီ"

ရစ်တာလဲ ထိုသူနဲ့လိုက်သွားတော့တယ်။မဲမှောင်ပြီးလျှို့ဝှက်တဲ့နေရာရောက်တော့ ထိုင်ခုံမှာ ထိုင်နေတဲ့ ​အမဲရောင်အငွေ့တွေ လွှမ်းခြုံထားပြီး မျကိလုံး စုံမှိတ်ထားသော ခေါင်းဆောင်ကို တွေ့ရတယ်။

"ခေါင်းဆောင်ရောက်ပါပြီ"

"မင်းထွက်သွားတော့"

"ဟုတ်ကဲ့ပါ ခေါင်းေဆာင်"

ခေါင်းေဆာင်လဲမျက်လုံး ဖွင့်လာပြီး ရစ်တာရှေ့ကို တန်းရောက်လာကာ ရစ်တာရဲ့ လည်ပင်းကို ညှစ်လေသည်။ ရစ်တာလဲ ရုန်းကန်သော်လည်းအရာမထင်ပါ။ လေပေါ်ထိမြှောက်သွားပြီး ခေါင်းဆောင်ရဲ့ လက်ကို ကုတ်ခြစ်နေသည်။ ပြီးမှ ခေါင်းေဆာင်က လက်ကို လွှတ်ပေးလိုက်သည်။ ရစ်တာလဲ အောက်ကို ဖင်ထိုင်ရက်ကျသွားပြီး ဒူးထောက်လိုက်လေသည်။

"ငါမခိုင်းဘဲနဲ့ ရှောင်ကျန့်ကို ဘာလို့သွားထိတာလဲ"

"သူက တပည့်ရဲ့ ရန်သူပါ။ အာ့ကြောင့်"

Love poison S2 ကမ္ဘာတည်​သ၍ချစ်နေမယ်(Complete)Where stories live. Discover now