စိတ်ကောက်တော်မမူခင် ကိုက်ချင်တဲ့နေရာ ကိုက်ခိုင်းထားရတယ်။ တစ်ခါတစ်လေ တကျိကျိနဲ့ နာအောင်မကိုက်ဘူး။ တစ်ခါတစ်လေ အကွင်းလိုက်....တစ်ခါတစ်လေ သွေးစို့ရုံ...တစ်ခါတစ်လေ..တောင်းပန်ပြီးအော်နေရတယ်။

"မောင်က ငယ်ထွေးအပိုင်ပါ"လို့ အခါတစ်ရာပြောတို့ ဘာတို့လဲ ရှိသေးတာ။
ငယ်ထွေး ဂျစ်တတ်တာ လက်ကုန်ပါပဲ။
ညိုညင်တာမရှိရပါဘူးဗျာ...အကြင်နာတိုးရတာပဲ ရှိပါတယ်။

မဝတ်ရည်ဂျူတီ မရှိတဲ့နေ့မျိုးတွေ....ဆေးခန်းလာမထိုင်တဲ့နေ့မျိုးတွေမှာ... ငယ်ထွေး ခေါ်ရင်လန့်နေရတယ်....နှစ်ယောက်ထဲဆိုရင် ကိုက်တော့တာပဲ။

.
.
.

"ငယ်ထွေးရယ်...ဒဏ်ရာအဟောင်းတွေ ပျောက်ပါစေအုံး...ကိုက်ပဲကိုက်နေတော့မှာလား...မောင့်ကို"

"ကိုက် ချင် သေး တယ်"

ပြောပြီး ဘယ်နေရာက ဒဏ်ရာလွတ်လဲလို့ စေ့စေ့စပ်စပ်ရှာနေတယ်။
သိပ်တော့လွတ်တဲ့နေရာ မရှိဘူး။

"အိကျီလှန်လိုက်....ဗိုက်ကိုကိုက်မယ်"

"ဟောဗျာ..မလုပ်ပါနဲ့ ငယ်ထွေးရယ်....မောင် တောင်းပန်ပါတယ်"

"ဟင့်...ဖယ်တော့"

အိကျီကို အတင်းဆွဲထားတဲ့ ဘဂျမ်းလက်ကိုဆွဲဖယ်ရင်း...ပြောတယ်။

"အဟင့်...ကိုက်မှာ"

"ကဲ...ကိုက်...ကိုက်...ရော့...ကိုက်တော်မူပါ"

မကိုက်ခင် နှာခေါင်းလေးနဲ့ ဗိုက်ကိုပွတ်နေသေးတာ။
အသေသတ်နေတာ ငယ်ထွေးက...
တရှုံ့ရှုံ့နဲ့ စိတ်တိုင်းကျနမ်းပြီးမှ...ကိုက်ဖို့နေရာကောင်းတွေ့သွားသလို စကိုက်တယ်။

"အာ့...ငယ်ထွေးရယ်"

အထိမခံနိုင်တဲ့ ရင်ဘတ်ပေါ်ကနေရာကို ကိုက်နေတာ....
မဟုတ်ဘူး...ကစားနေတာ...သွားလေးနဲ့ တတိတိ...နှုတ်ခမ်းလေးက တလှုပ်လှုပ်...
သေတော့မှာပဲ...တားလိုက်မိရင် ပို စတယ်။
တကယ် တကယ်....ငယ်ထွေး ဆိုးပုံလိုက်မမှီဘူး။
အသံထွက် မညည်းမိအောင်တင်းခံထားတာသိတော့ အသံ မထွက် ထွက်အောင် ကလိတော့တယ်။
သဘောကျလာရင် ရယ်လိုက်သေးတယ်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now