"အားလုံး အိပ်ကြပြီလား"

ရင်ခွင်ထဲ ပြေးဝင်လာပြီး ဖက်ထားတော့တာ...ငယ်ထွေးပေါက်လေးက...

"အိပ်ကြပြီ....ကိုယ့်အခန်းထဲကိုယ်ဝင်သွားပြီဆိုရင် သိပ်ပြီးမရှုပ်ကြတော့တာ ဒီအိမ်ရဲ့ထုံးစံ မောင်ရဲ့...ကိုယ်ပိုင်အားလပ်ချိန်လေ"

"ငယ်ထွေး ကိုယ်ပိုင်အားလပ်ချိန်ကို မောင်ကရှုပ်သလိုဖြစ်နေမှာပေါ့"

"မောင်နော်....တခြားစကားပြောတာ မကြိုက်ပါဘူးဆိုမှ...ငယ့်အားလပ်ချိန်ငယ်ကြိုက်သလိုသုံးမှာပေါ့...ငယ့်ဘာသာ ဘယ်သူနဲ့ချိန်းတွေ့တွေ့ပေါ့"

"ငယ်ထွေးကလဲ.....မောင့် အားလပ်ချိန်လဲ မောင်သုံးချင်သလိုသုံးမှာပေါ့...ငယ်ထွေးလာတော့ ဘယ်မလဲ မောင့် အားလပ်ချိန်"

"မောင့်....."ဆောင့်ကြီးအောင့်ကြီး အော်ချလိုက်တယ်

"ရူး...တိုးတိုး...မောင် က သက်သက်စတာ သိရက်သားနဲ့....အာပြဲလိုက်တာကွာ"

"အော်...လိုက်...မှာ...နော်"

"မအော်ပါနဲ့...ငယ်ထွေးပေါက်ရယ်...အကြင်နာပေးမဝလေးရယ်"

"ဟွန့်.....မဲမဲသဲသဲနဲ့စိတ်ကပုတ်သေး"

"ဖြူဖြူဖွေးဖွေးလေးကရော...အကျင့်ကောင်းလား"

"မောင့်....မောင့်....မောင့်....မောင်​ကောင်ကြီး....ဒီမောင်ကြီး...စတာရပ်တော့.....အော်လိုက်မှာနော်"

ဘဂျမ်းပေါင်ပေါ်တက်တာပြီး မျက်နှာကိုလက်နဲ့အုပ်ကိုင် ဘယ်ညာရမ်းပြီး အော်နေတော့တာ....
ကိုက်လဲဆွဲသေးတယ်....ဘဂျမ်းတကိုယ်လုံး သူမကိုက်တဲ့နေရာမရှိဘူး။
တစ်ခါတစ်လေ ပူနေအိုက်နေလဲ လက်ရှည်အိကျီကိုမချွတ်ရဲဘူး....ငယ်ထွေးကိုက်ထားတာ မြင်မှမကောင်းတာ။
လည်ပင်း....လက်မောင်း...ပုခုံး...ပါး... နှုတ်ခမ်း...လက်ချောင်းထိပ်လေးတွေ...
ငယ်ထွေးသိပ်ကိုက်တဲ့နေရာတွေပေါ့။

ခုနောက်ပိုင်း ငယ်ထွေးအကျင့်ကိုသိလား။
ဒီတိုင်း ကိုက်ချင်လာရင် "ကိုက်ချင်လို့ လာပါအုံးမောင်" လို့ခေါ်ပြီးကိုက်တယ်။
ဘယ်နားကိုက်မှာလဲမေးပြီး သွားတပြင်ပြင်နဲ့နီရဲရဲပါးစပ်လေးနားကပ်ပေးရတယ်။
သွားယားလို့တဲ့....ကြားဖူးကြလား...အသည်းယားလို့ကိုက်ချင်တာမဟုတ်ဘူးနော်....တစ်ခါတစ်လေ ငယ်ထွေးက သွားတွေယားတယ်တဲ့။
ဘဂျမ်းက သွားဆိုတာ ယားတတ်တယ်မထင်ဘူး။
ငယ်ထွေးက မသိဘူး တကယ်ယားတာတဲ့။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now