လေထုထဲပျံ့လွင့်သွားသည့် ဒုတိယမြောက်သက်ပြင်းချသံက ဘတ်ဟျွန်းဆီကဖြစ်လေသည်။
...
...
...
"ဘတ်ဟျွန်းနီး အေးတယ်လေ''
မှတ်တိုင်မှာစောင့်နေရင်းကြားလိုက်ရတဲ့အသံကြောင့် ဘတ်ဟျွန်းခန္ဓာကိုယ်လေးမတ်ခနဲ။
~ဘတ်ဟျွန်းနီးအေးတယ်လေ
~ဘတ်ဟျွန်းနီးပူမယ်
~ဘတ်ဟျွန်းနီးက ဗျာ
ဘာလို့ဒီလိုစကားမျိုးတွေကို အလွန်မတန်ရင်းနှီးနေရသလဲ
အုံ့ဆိုင်းဆိုင်းရာသီဥတုရယ်
ခပ်အေးအေးလေထုရယ်
လောင်းကုတ်ရှည်ကြီးဝတ်ထားတဲ့သူရယ်ဘာလို့ဒီလိုမြင်ကွင်းက အသားကျနေတယ်လို့ခံစားနေရသလဲ
မသွားခင်နေ့မှာလျှောက်လည်မယ်ဆိုပြီးမှတ်တိုင်မှာစောင့်နေဖို့ကတိပေးထားတဲ့ဘတ်ဟျွန်းဟာ သူ့ဆီတစ်လှမ်းချင်းလျှောက်လာတဲ့ချန်းယောလ်ကိုဝေဝေဝါးဝါးသာမြင်ရတော့သည်။
"ဘတ်ဟျွန်းနီး? ဘာဖြစ်လို့လဲဟင်?''
မျက်နှာညှိုးရင်ပင်ပြာယာနေသည့်ချန်းယောလ်က မျက်ရည်တွေကိုပါမြင်တော့ခြေမကိုင်မိလက်မကိုင်မိဖြစ်နေတော့တာပင်။
"အင့်...''
အနားရောက်လာတဲ့သူရဲ့ရင်ခွင်ကျယ်ကြီးထဲ ဘတ်ဟျွန်းတိုးဝင်မိ၏။
မျက်နှာကိုလုံးဝမဖော်တော့ပဲ ဘာကြောင့်ရယ်မသိလေးလံနေတဲ့စိတ်တွေကို မျက်ရည်တွေနဲ့ရောပြီးလွှတ်ချလိုက်တော့သည်။"အီး ဟီး...''
မှတ်တိုင်မှာစောင့်နေကြတဲ့အခြားသူတွေက ဘတ်ဟျွန်းတို့နှစ်ယောက်ကိုကြည့်ကုန်ကြရင်လည်းအရေးမစိုက်တော့ပါ။
ဘတ်ဟျွန်းကိုကာကွယ်ပေးထားမယ့်ချန်းယောလ်တစ်ယောက်လုံးရှိနေပြီပဲလေ။
ကျောပြင်အထိတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားမိတဲ့ဘတ်ဟျွန်းက တအီအီနေရှိုက်ငိုနေတာကို ချန်းယောလ်စိတ်ပျက်သွားမလားခဏတော့တွေးမိပေမယ့် ရပ်ချင်စိတ်မရှိ။
ဘတ်ဟျွန်းအထင်နဲ့လွဲမှားစွာပဲ ထိုကောင်လေးကဘတ်ဟျွန်းခေါင်းကိုပင်ခပ်ဖွဖွလေးပုတ်ပေးနေသေးသည်။
YOU ARE READING
MELANCHOLY (Completed)
FanfictionMELANCHOLY 𝗧𝗛𝗘 𝗛𝗔𝗣𝗣𝗜𝗡𝗘𝗦𝗦 𝗢𝗙 𝗕𝗘𝗜𝗡𝗚 𝗦𝗔𝗗. ______________ Nobody knows what will happen after this...!