.
.
.
နေ့လည်စာ စားပြီးတော့.... အန်တီထားကို ဘာခိုင်းစရာရှိလဲမေးရသေးတယ်။ မရှိဘူးဆိုမှ....ငယ်ထွေးကို မောင် အိပ်လိုက်အုံးမယ်နော်....ငယ်ထွေး ဆေးခန်းသွားမှ ခေါ်လိုက်လို့ မှာခဲ့ရတယ်။
အိပ်အုံးမှဖြစ်မယ်လေ....
.
.
.
ဆေးခန်းကအပြန်ကားပေါ်တက်ပြီးတာနဲ့ မလွန်ဆန်တဲ့တောင်းဆိုမှုတွေ တပုံကြီးပြောတော့တယ်။

"မောင်....မုန့်စားကြမယ်"

"ထမင်းစားချိန်ရောက်ရင် မစားနိုင်ပဲနေမယ်လေ"

"မောင်နဲ့ ကားလျှောက်မောင်းမယ်"

"ဆီတွေ အပိုကုန်တာပေါ့"

"မောင့်အနားမှာ...အကြာကြီးနေမယ်"

"အိမ်ကလူကြီးတွေ စိတ်ပူမယ်လေ"

ဟိုဟာစားမယ်....ဒီဟာစားမယ်လက်ညှိုးထိုးသမျှ အကုန်လုပ်ပေးရတယ်။
ကားကို မြို့ပြင်ဘက်မောင်းခိုင်းလို့ မောင်းရတယ်။
အေး...ငယ်ထွေးအလိုလိုက်နေတာအကြောင်းမဟုတ်ဘူး....လူကိုပြန်ပေးဆွဲပြီး ကားကိုခိုးသွားပါတယ်ထင်နေရင် မကောင်းဘူး....

"ငယ်ထွေး....လူကြီးတွေ စိတ်ပူမယ်"

"မပူဘူး"

"ဘာဖြစ်လို့လဲ...ငယ်ထွေး ဖုန်းဆက်ထားတာလား"

"ဟုတ်တယ်....ဒီည ပြန်မလာဘူးလို့ ဖုန်ဆက်ပြီးပြောထားတယ်"

"ဟာ"

လုပ်ပုံကိုကြည့်...အတော်လေးဆိုးနေတာ....အလိုလိုက်လွန်းလို့ ဆိုးနေတာ...

"အဲ့လောက် ကြောက်တတ်တာလား...မောင် အဲ့လိုဖြစ်နေရင် ငယ်က ပိုပြီးလုပ်မှာနော်"

"မကြောက်တတ်ပါဘူး....မလုပ်လိုက်ပါနဲ့ ငယ်ထွေးရယ်"

"ပြန်မယ်"

"မပြန်ဘူးဆို"

"ပြန်.....မှာ"

"ငယ်ထွေးလေးကို မောင် ပြောပြမယ်....မောင်က ငယ်ထွေးအပိုင်ပါလို့ မောင်အကြိမ်ကြိမ်ပြောပြီး​ပြီ...လူတွေမသိစေချင်တာ ငယ်ထွေးအတွက်...ငယ်ထွေးပတ်ဝန်းကျင်ကိုကြည့်ပါအုံး....ငယ်ထွေးအသိုင်းအဝိုင်းကိုကြည့်ပါအုံး...မောင်အတွက်ဘာဆို ဘာမှအရေးမကြီးဘူး...တကယ်ပြောတာ...ဖြေရှင်းရမဲ့ကိစ္စတွေ....ကျော်ဖြတ်ရမဲ့အခက်အခဲတွေအများကြီးရှိတာ ငယ်ထွေးသိရက်သားနဲ့ မောင့်ကိုဆိုးနေတာ....ငယ်ထွေးဆိုးလို့ပြောတာမဟုတ်ပါဘူး....မောင်ပြောချင်တာက....."

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now