တစ်ခွန်းမှပြန်မပြောသည့် ရိပေါ်ကို ရှောင်းကျန့်ကပင် စိတ်ပြေအောင် ချော့နေလေသည်။ အတန်းလာတက်သည့် ရိပေါ် သူငယ်ချင်းတွေကို ရိပေါ် ဘာလို့မလာတာလဲဟု အရင်ဆုံး အရှက်မရှိ စမေးလိုက်လို့သာ ဒီကောင်လေးဆီ သူရောက်လာခဲ့တာ။

ရိပေါ် ကားထားသည့် နေရာကို အရင်ဆုံးသွားကြည့်ပြီး ရိပေါ်၏ ကားအနက်လေးရှိနေ၍ ရိပေါ် ဒီကျောင်းထဲမှာပဲ ရှိနေခဲ့သည်ဆိုတာ သိခဲ့ရတာ။

*ကိုယ့်ကို ဘာမှပြန်မပြောတော့ဘူလား*

ရိပေါ်၏ လက်ကောက်ဝတ်လေးကို အားနဲ့ဆောင့်ဆွဲလိုက်၍ ခန္ဓာကိုယ်သေးသေးလေးက ရှောင်းကျန့် ရင်ခွင်ထဲ ရောက်လာသည်။

*ငါ ပြန်ဖြေစရာ မလိုအောင် မင်းသိတာတွေကြည့်ပဲမလား။ ငါက ဘာပြန်ပြောရမှာလဲ*

ခါးပေါ်က ရှောင်းကျန့်၏ လက်တွေကို ဖယ်ချကာ ရိပေါ် သူနှင့် မျက်နှာချင်းဆိုင်ဖြစ်အောင် ရပ်လိုက်သည်။ ထိုအခါမှရှောင်းကျန့်လဲ မတ်တပ်ရပ်လာကာ ပြုံးစစနှင့်။

ရှေ့က ရပ်နေသည့် ရှောင်းကျန့်၏ မျက်နှာကို ရိပေါ် တစ်ခုချင်းဆီ လိုက်ကြည့်နေမိသည်။ ရှောင်းကျန့်က အပြစ်ပြောစရာမရှိလောက်အောင် ချောမောသည်ကိုတော့ သူ လက်ခံသည်။

*မင်း ပြောစရာမရှိရင် ငါ သွားတော့မယ်*

တိတ်ဆိတ်နေသည့် အခြေအနေမှာ နေသားမကျ၍ ရိပေါ် လှည့်ထွက်ရန်ပြင်လိုက်သည်နှက့် ဒုတိယအကြိမ် ဆွဲထားခြင်း ခံလိုက်ရသည့် လက်ကောက်ဝတ်လေး။

ရိပေါ် ဘာလဲဆိုသည့် သဘောဖြင့် ရှောင်းကျန့်ကို လှည့်ကြည့်လိုက်သည်။

*ကိုယ့်ကောင်လေး ဖြစ်ပေးနိုင်မလား ဝမ်ရိပေါ်*

ရိပေါ် မျက်လုံးလေးက ခနတာ လက်ခနဲ ဖြစ်သွားသည်။ ပြီးမှ ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ဖန်တီးလိုက်ကာ

*ငါက ရိုင်းတယ်*

*ကိုယ်က လိမ္မာတဲ့ကလေးတွေ မချစ်တတ်ဘူး*

ရှောင်းကျန့်မျက်နှာတွင်လဲ ရိပေါ်ကို အပြစ်မမြင်သည့် အပြုံးတစ်ခု ချိတ်ဆွဲထ‌လေသည်။

For..Where stories live. Discover now