မထင်မှတ်စွာ ရိပေါ်၏ မျက်ရည်စက်သည် စာအုပ်လေးပေါ် ကျဆင်းသွားခဲ့သည်။ ရိပေါ်မျက်ရည်မကျခဲ့တာတောင် နှစ်ချီနေခဲ့ပြီ။ ဒီနေ့အတွတ်တော့ ဘာမှမဟုတ်သည့် ရှောင်းကျန့်ဆိုသည့် ကောင်ဖို့ မျက်ရည်တွေက မလိုချင်ပဲ ကျလာခဲ့သည်။
*မင်း ဘာဖြစ်နေတာလဲ ဝမ်ရိပေါ်ဟမ်။ မင်းကို ဘယ်သူက ဘယ်လောက်ချစ်နိုင်မှာမို့လို့လဲ*
ရိပေါ် အကျယ်ကြီး အော်ဟစ်ပစ်ကာ ဒူးပေါ် ခေါင်းမှောက်ချကာ အော်ငိုပစ်မိသည်။ သူ့ရင်တွေ အရမ်းမွန်းကြပ်နေခဲ့သည်။ ဒီလူကတော့ ငါ့ကို တကယ်ချစ်တာလားဆိုပြီး တစ်ယောက်ထဲ အတွေးထဲပျော်မြူးနေခဲ့တာ။
မထင်မှတ်ထားစွာ ရိပေါ် ခန္ဓာကိုယ်လေးသည် လူတစ်ယောက်၏ ရင်ခွင်ထဲ ရောက်သွားလေသည်။ ရင်ခွင်ပိုင်ရှင်သည် ဘယ်သူမှန်း ရိပေါ်မသိ။ အရမ်းမွန်းကြပ်နေခဲ့၍ ထိုရင်ခွင်ထဲ အကြာကြီး ငိုနေမိခဲ့သည်။
*မင်းကို ကိုယ်ချစ်တယ်လေ အဆိုးလေးရာ*
ဒီအသံ။ ရိပေါ် အိမ်မက်တွေ၊အတွေးတွေထဲထိ ရောက်ခဲ့သည့် အသံ။ ရိပေါ် အလန့်တကြား မော့ကြည့်လိုက်တော့ ခပ်ယဲ့ယဲ့အပြုံးလေးနှင့် ပြုံးပြနေသည့် ရှောင်းကျန့်။
ရိပေါ် မျက်ရည်တွေကို ဆွဲသုတ်ကာ ထိုနေရာက ထထွက်ဖို့ ပြင်လိုက်ပေမယ့် လက်ကောက်ဝတ်ကနေ ခပ်တင်းတင်း ဆွဲထားသည့် ရှောင်းကျန့်ကြောင့် ထွက်မသွားဖြစ်တော့။
*ငါ့လက်ကို လွှတ်*
*ကိုယ် လွှတ်လိုက်ရင် မင်းထွက်သွားမှာပေါ့*
ရိပေါ် ထပ်မရုန်းဖြစ်တော့။ သူ ရှောင်းကျန့်ဆီက ထွက်မသွားချင်ဘူး။
*ကိုယ့်အတွတ် မင်း ရေးပေးထားတဲ့ မှတ်စုလေးလား*
အောက်ပြုတ်ကျနေသည့် စာအုပ်လေးကို ကောက်ကာ ရှောင်းကျန့်က ဆိုလာလေသည်။ ရိပေါ် ဘာမှမပြောပဲ ရှောင်းကျန့်အား ကျောခိုင်းထားဆဲ။ ရှောင်းကျန့်သည်လဲ ရိပေါ်၏ လက်ကို တင်းတင်းဆွဲကိုင်ထားဆဲ။
*မင်းရေးပေးထားတဲ့ စာအုပ်လေးရှိနေမှတော့ ကိုယ် မေရီ့စာအုပ်ကို ငှားဖို့ မလိုတော့ဘူးပေါ့။ ကျေးဇူး အဆိုးလေး ကိုယ် ဒီစာအုပ်လေး ယူထားတော့မယ်နော်*
For...
Começar do início