Part 11

189 10 0
                                    

" ကျန့်ကော ကော ရေ ကျနော့် အကျီ အစိမ်းလေးလေ တွေ့မိသေးလား ကျနော် လျှော်မလို့ "
" ဘာတွေပြောနေတာလဲ ရိပေါ် မနက်ကဘဲရေချိုးရင်း လျှော်လိုက်ပီလေ "
" မလျှော်ရသေးပါဘူး "
" ဟာ မင်း မနက်ကဘဲ လျှော်ပီးပါပီဆို ဟိုမှာလှမ်းထားတာမြင်လား " ခြံထဲက အဝတ်လှမ်းတဲ့ နေရာကို ထိုးပြလိုက်တော့မှ သွားဖြီးပြပီး အခန်းထဲ ပြန်ဝင်သွားတယ် ဒီကောင်လေး ခုတလော တအားမေ့တတ်တာဘဲ ဟိုတနေ့ကလည်း ဟင်းအိုးကြီးတည်ပီးမပိတ်ဘဲ ဆိုင်ကိုလာတယ် သူက အိမ်ပြန်ပီး ယူစရာရှိလို့ ပြန်လာလို့ တော်သေးတာပေါ့ မဟုတ်ရင် အိမ်မီးလောင်မယ် အရင်က ဝမ်ရိပေါ်ဆိုတာ စေ့စပ်သေချာလွန်း ခုများပြာကလပ်စိန် ဖြစ်လို့

📩📩
ဖုန်းထဲက message ဝင်လာတဲ့အသံကြောင့် ရှောင်းကျန့် ဖုန်းကို တချက် ထုတ်ကြည့်လိုက်တယ် Zat ဆီကဘဲ မနက်ဖြန်တွေ့ဖို့ ချိန်းတဲ့စာ သွားတွေ့သင့်လား ဘာဘဲဖြစ်ဖြစ် မိတ်ဆွေတွေ ပြန်ဖြစ်သွားပီဘဲဟာ သွားတွေ့လည်း ပြသနာမရှိလောက်ပါဘူး

" ရိပေါ် ကော ပြောစရာရှိတယ် " ရိပေါ်က ထိုင်နေကျ အိမ်ရှေ့က ခုံတန်း အစိမ်းလေးမှာထိုင်ပီး သူ့ထုံးစံအတိုင်းကြယ်တွေ ကြည့်နေတယ်
" ဟုတ် ကော ပြောလေ "
" ကော မနက်ဖြန် သူငယ်ချင်းတစ်ယောက်နဲ့ သွားတွေ့မလ်ို့ "
" အော် ဟုတ်လား ဘသူတုန်း ကျနော်လိုက်ပို့ပေးမယ်လေ"
" ရတယ် ကော ဘာသာသွားလိုက်မယ်ရိပေါ်ကဆိုင်ကို ဘဲသွားလိုက်နော် "
" မရပါဘူး ကျနော် လိုက်ပို့ပေးမယ် "

ဝမ်ရိပေါ်ဆီက မြည်လာတဲ့ ဖုန်းသံကြောင့် နှစ်ယောက်သား စကားပြောနေရာကနေရပ်သွားတယ် Contact name ကြည့်လိုက်တော့ " ချစ်လှစွာသော ပါး "
📲📲
" အော် ပါးဘဲ ခနနော်ကော " ရှောင်းကျန့်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်တယ်
" ဟုတ် ပါး ပြော "
" မနက်ဖြန် မနက် ငါ့ဆီလာခဲ့နော် မင်းမေ့နေမှာစိုးလို့ "
" ပါး ဘယ်တုန်းက ပြောထားလို့လဲ "
" အော် ကျေးဇူးရှင် နေ့လည်ကဘဲ ကျနော်မျိုး ဖုန်းဆက်ထားတယ်လေ ဝမ်သခင်လေး "
" အာ ဟုတ်လားကျနော် မေ့သွားတယ် ဟီးလာခဲ့မယ်နော်"
" ဒါဘဲနော်ပါး " ရိပေါ် ဖုန်းချလိုက်ပီး ရှောင်းကျန့်ဘက် ပြန်လှည့်လိုက်သည် ။

Last Love  (Completed)Where stories live. Discover now