'သေလိုက်ပါ​တော့ ဒါမဖြစ်နိုင်ဘူး!' ဆုနို တောင့်ခဲသွားပြီး မျက်လုံးလေးများကလည်း ပြူးကျယ်သွားကာ သူရဲ့ပါးစပ်မှာ 'O'ပုံစံပင် ဖြစ်သွားရ​တော့သည်။

'နေသာတဲ့နေ့မှာ မိုးကြိုးပစ်ချလိုက်သလိုမျိုး၊ ဝက်သားနီနှပ်တစ်ပန်းကန်ကြောင့် absကောင်နဲ့ ပရိုမိုးရှင်း ဓာတ်ပုံတွေ အတူတူတွဲရိုက်ရဖို့ ကပ်ဘေးဆိုးတစ်ခုလိုဖြစ်သွားရတာလား?'
သူ့မျက်လုံးထဲက​နေ မျက်ရည်​တွေ ထွက်ကျ​တော့မလို ခံစားလိုက်ရသည်။

"ဒါ​ပေမယ့် ကံ​ကောင်းချင်​တော့ friendship ပုံစံ​လေးပဲပါ​အောင် ရိုက်ဖို့ဆို​တော့ သူတို့ အများကြီးရိုက်ဖြစ်မှာ မဟုတ်ပါဘူး ၁၀ပုံ သာသာ​လောက်ပါပဲ။မင်းမသိ​လိုက်ခင်မှာပဲ ပြီးသွားလိမ့်မယ်" မန်​နေဂျာဖြစ်သူမှာ  သူ့ကို နှစ်သိမ့်​ပေးလိုက်သည်။

"ဘာဖြစ်လို့ ငါနဲ့သူလဲ?" ဆုနိုသည် သူ့ဘဝအတွက် အစည်းအ​ဝေးခန်းထဲမှာ အစားအ​သောက်အကြောင်းတွေး​နေသည့်လျို့ဝှက်ချက်ကြီးကို ထုတ်မပြနိုင်ပေ။

'သာမာန်ဆို ယောက်ျားနှင့်မိန်းမ မဖြစ်သင့်ဘူးလား?ဒါမှ မျှမျှတတဖြစ်မှာ​ပေါ့!'

"ဘာလို့လဲဆိုတော့ မင်းနဲ့ချိုးကျီယန်က လက်ရှိမှာနာမည်အကြီးဆုံးဖြစ်နေလို့ပေါ့" မန်နေဂျာက သတိ​ပေးလိုက်သည်။ "ဟုတ်ပြီနော်။မင်း အခုစကားကို ပြန်ပြင်​ပြောလို့ မရတော့ဘူး"

အထူးသဖြင့် မင်းက သက်သေအားလုံးရဲ့ ရှေ့မှောက်မှာသဘောတူခဲ့လို့ပဲ!

"ဒါ​တော့ ငါသိပါတယ်" ဆုနိုမှာ သနားစရာ​ကောင်းလှစွာ သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။ " ချိုးကျီယန်ဘက်က ငြင်းပယ်မယ့်အလားအလာမျိုးရှိလား?"

မန်​နေဂျာသည် သူ့အား မျှော်လင့်ချက် ရေး​ရေး​လေး​တောင်မ​ပေးဘဲ မြန်မြန်ပြန်ဖြေ​လိုက်သည်။
" 0 ရာခိုင်နှုန်းပဲ။အစည်းအ​ဝေးခန်းမထဲမှာတုန်းက သူ့အ​ဖြေက မင်းထက်​တောင် ပိုမြန်​သေးတယ်"

'တကယ် ရွံစရာကောင်းလိုက်တာ!'
ဆုနိုသည် သူရဲ့လက်ကို ဒေါသတကြီးဆုပ်ပစ်လိုက်သည်။

"ဒါဆို ဒီည ငါအမဲသားကင်ဆယ်ချပ်စားချင်တယ်!"
ငါ့ရဲ့ ဒဏ်ရာရသွားတဲ့ နှလုံးသားလေးကိုသက်သာစေဖို့ ပြန်ကုစားရမယ်!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now