"အမ်??" ဆုနို လက်ရှိအ​ခြေအ​နေကို ပြန်​ရောက်လာချိန်တွင် လူတိုင်းရဲ့မျက်လုံးများက သူ့ကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်။ထို့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်သေးသေးလေးက ထိန့်လန့်သွား​ရတော့၏။

'သေတာပဲ!ဘာဖြစ်သွားတာလဲ မသိဘူး?'

"အဲဒါကို မင်းဘယ်လိုသ​ဘောရလဲ?" Bossက ထပ်မေးလိုက်၏။

လူအုပ်ရဲ့မျက်စိအောက်မှာ မော်ဒယ်ဆုသည် ရိုးရိုးသားသားဖြင့် အလိုက်သင့်​ဖြေလိုက်ဖို့ကလွဲပြီး အခြားရွေးချယ်စရာ မရှိ​တော့​ချေ။ "မဆိုးဘူးလို့ထင်ပါတယ်"

"ဒါဆိုရင် အဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီ။" Boss က အရမ်းကျေနပ်သွားပုံပင်။ "ငါတို့အစည်းအဝေးကို ဒီနေ့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်!"

လူအုပ်ကြီးမှ လက်ခုပ်သြဘာပေးလိုက်ကြကာ အစည်းဝေးပွဲကို အဆုံးသတ်လိုက်ကြသည်။

'နောက်ဆုံးတော့ပြီးသွားပြီ ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်၊ အကြာကြီးထိုင်ရလွန်းလို့ ငါ့ တင်ပါးတွေ နာနေပြီဟ!!

"မင်းနဲ့ ရှေ့​လျှောက်အလုပ်အတူတူတွဲလုပ်ရဖို့ မျှော်လင့်ထားပါတယ် " ချိုးကျီယန်သည် ဆုနို၏ရှေ့တွင် ရပ်လိုက်ပြီး လက်ကိုကမ်းပေးရင်း ပြောလိုက်သည်။

'ဟင့်အင်း!! သူက အလုပ်အတူတူတွဲလုပ်ဖို့မျှော်လင့်ထားတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ?' ဆုနိုရဲ့ မျက်လုံးများမှာ ပြူးကျယ် သွားရကာ...'မင်း​ဆေးမှား​သောက်လာတာလား?ဘယ်သူက  မင်းနဲ့ လက်တွဲပြီး အလုပ်လုပ်ချင်​နေလို့လဲ!?'

"ငါ့မှာကိစ္စ​လေး တစ်ခုရှိလို့ အရင်ထွက်နှင့်လိုက်မယ်နော်။နောက်တစ်ကြိမ်မှ တွေ့ ကြတာ​ပေါ့ ” ချိုးကျီယန် ပြုံးပြလိုက်ရင်း အစည်းအဝေးခန်းမထဲမှ လှည့်ထွက်သွားလိုက်သည်။

ဆုနို အတိုင်းထက်အလွန်စိတ်ရှုပ်ထွေးသွား၍ သူရဲ့မန်နေဂျာအား လှည့်ကြည့်လိုက်သည်။
"သူ ဘာကိုဆိုလိုသွားတာလဲ?”

"Bossက နောက်လထဲမှာ 'Fashion' မဂ္ဂဇင်းရဲ့နှစ်ပတ်လည်အခမ်းအနားရှိ​နေတာမို့ သူက မင်းနဲ့ ချိုးကျီယန်ကို အခမ်းအနားအတွက် ဓာတ်ပုံအနည်းငယ်လောက်ရိုက်စေချင်တယ်လို့ပြောလိုက်တာ"
မန်နေဂျာရဲ့မျက်လုံးတွေက စာနာမှုအပြည့်နဲ့...
"အဲ့ဒါကို မင်းက သဘောတူလိုက်တယ်”

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now