"Kim ပြန်လာပြီလား"

"အင်း"

"ဆရာဝန်က ဘာပြောလဲ"

"ဘာမှမဖြစ်ပါဘူးတဲ့ အားနည်းနေလို့ ခေါင်းမူးတာတဲ့ ဆေးထိုးပေးလိုက်တယ်"

"တော်သေးတာပေါ့ ဘာမှမဖြစ်လို့"

"စိတ်ပူလို့လား"( Kim မှ မျက်ခုံးလေးပင့်ပြီးမေးလိုက်သည် )

"အင်း စိတ်ပူတာပေါ့ ဒါနဲ့ ဘာလို့လဲ"

"အော် Kimတစ်ယောက်ထဲနေလာတာကြာပြီဆိုတော့ ဘယ်သူ့မှ ကိုယ့်ကို စိတ်ပူတာကို မခံရဖူးလို့ပါ ဒါကြောင့်မေးလိုက်တာ"

"လီလီ တကယ် စိတ်ပူတာပါ ဒီနေ့တော့နားနားနေနေ နေနော် လီလီက Bibimbap လုက်ကျွေးမှာမို့လို့"

"အင်း စားချင်နေတာနဲ့ အတော်ပဲ"

"ဒါဆို လုပ်ပြီးရင် ခေါ်လိုက်မယ်နော်"

"အင်း ဟုက်ပါပြီရှင့်"

(အချိန်အနည်းငယ်ကြာပြီးသော်)

"Kimရေ လာစားလို့ရပြီနော်"

"အင်း လာပြီနော်"

"ဟာ လီလီလေးက လုပ်တက်သားပဲ
စားကြည့်မယ်နော် အွန်း ကောင်းလိုက်တာ"

"ကောင်းရင်များများစားနော်
လီလီက အများကြီး လုပ်ထားတာမို့"

"အင်း စားပေးမယ်"

"ဒါနဲ့ Kimကို မေမေဖုန်းဆက်သေးတယ် Kimဆေးရုံသွားနေတယ်ပြောလိုက်တယ်"

"ဘာတွေပြောသေးလဲ"

"သူတို့ နေရတာအဆင်ပြေတယ်ပြောတယ် အဖွားကတော့ဆေးရုံမှာပဲ အလုပ်ကိစ္စလေးနည်းနည်းလုပ်စရာရှိလို့ နှစ်လလောက်တော့
ကြာမယ်တဲ့"

"အော် ဒါဆို လီလီလေးက ဒီမှာ နှစ်လနေမှာပေါ့"

"အင်း ဟုက်တယ် ပျော်စရာကြီး"

(Kimသည် လီလီ မျက်လုံးကိုကြည့်၍)

"Kimနဲ့နေရတာပျော်လား"

"အင်းပျော်တယ်"
(လီလီလေး ပြံုးနေသည်)

"ဒါနဲ့ Kim......Kim အမျိုးသားကို ချစ်လား"

(လီလီ မျက်လုံးကို ဆူးဆူးရှရှကြည့်ပြီး)
"ဘာလို့မေးတာလဲ"

"ဒီအတိုင်းသိချင်လို့ပါ"

"Kim သူနဲ့ပက်သက်တာ ဘာမှကို
မပြောချင်ဘူး
ဒီနေ့အရမ်းစားကောင်းခဲ့တယ် ကျေးဇူးပါ
စားပြီးသွားပြီမို့ အရင် ထပါရစေ။"
( ခက်တည်တည်မျက်နှာဖြင့် ထမ္မင်းဝိုင်းမှ ထထွက်သွားသည် ထို့နောက် အခန်းထဲ ဝင်သွားပြီး တံခါးပိတ်လိုက်သည်)

(လီလီ၏ စိတ်ထဲတွင်)

"ငါဘာတွေမေးမိသွားတာလဲ။ သူဟာသူချစ်တာမချစ်တာကို ဘာလို့ ငါက သိချင်နေရတာလဲ သူငါ့ကို စိတ်ဆိုးသွားပြီလားမသိဘူး"

( တစ်နေ့လုံး အခန်းထဲမှ Kim ထွက်မလာတော့ပေ လီလီသည်လည်း စိုးရမ်သော အတွေးများဖြင့် နောက်နေ့မနက် မိုးလင်းလာသည် )

(Kim ခြံထဲတွင် ပန်းပင်များ ရေလိုက်လောင်းနေသည် ထိုစဉ် အပေါ်ထပ်အခန်းမှ လီလီသည် ပြတင်းပေါက်နားကပ်၍ အောက်ငုံ့ကြည့်လိုက်သည်)

( လီလီ Kimကိုတွေ့၍ပြေးဆင်းလာသည် )

(ညင်သာသော အသံလေးဖြင့်)

"Kim"

"အင်း လီလီ နိုးပြီလား"

"ဟုက် Kim ညက အိပ်ပျော်ရဲ့လား"

"အင်း အိပ်ပျော်ပါတယ်
ဒါနဲ့လီလီ မနေ့ကKim နည်းနည်း စိတ်ထဲအဆင်မပြေလို့ပါ ဘာမှမဖြစ်နဲ့နော်"

"အော် Kim ရယ် ရပါတယ် လီလီကသာ သူများကိုယ်ရေးကိုယ်တာကို မေးမိတာပါ"

"ရပါတယ် Kim စိတ်မဆိုးပါဘူး လီလီ အမှားမှမဟုက်တာ Kim စိတ်ထဲကိုက ဖြစ်နေတာ"

"ဟုက် Kim"
"အော် ဒီနေ့ လီလီ အပြင်သွားစရာရှိတယ်"

"အွန်း ဘယ်ကိုလဲ"
"လီလီကို စောင့်ရှောက်ပေးရတဲ့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ ဘယ်သွားမလဲဆိုတာတော့ ပြောသွားပေးပါနော် တစ်မျိုးတော့မထင်ပါနဲ့"

"ဟုက်ကဲ့ သူငယ်ချင်းတစ်ယောက်အိမ်ပါ တစ်ခြားသူငယ်ချင်းတွေလည်း လာမှာ
စုပြီး စကားပြောစရာလေးတွေရှိလို့"

"အော် ဟုက်ပါပြီ ညနေစာတော့ အိမ်မှာပဲ စားရမယ်နော်။"

"ဟုက်ကဲ့ပါ ညနေစာအမှီ ပြန်လာခဲ့မယ်။"

( ဆက်ရန်ရှိသေးသည်☺️)

Lily was a little girl Where stories live. Discover now