မောင်က....လက်တစ်ဖက်ကို ငယ်ထွေးခေါင်းအောက်မှာထားပြီး ခေါင်းလေးကို ပွေ့ထားတယ်။ မောင့်မျက်နှာဆီ မလွတ်တမ်းလိုက်ကြည့်နေတဲ့ ငယ့်ကို ပြုံးပြတယ်။
မောင် ပြုံးရင် အဲ့လိုပဲလားမောင်ရယ်။
မောင် ပြုံးတာ....လှလိုက်တာ။

မောင်က ငယ့်နှာဖျားလေးပေါ်သူ့လက်နဲ့ ထိတယ်။
ပြီးတော့ ပါးအိအိလေးတွေကို ပွတ်သပ်ပြီးကိုင်တယ်။
နဖူးလေးကို ကိုင်တယ်....လက်ဖဝါးနဲ့အုပ်ကိုင်ပြီး ပြုံးပြပြန်တယ်။
နီရဲ ပြီး ဖူးကြွနေတဲ့ ငယ့်နှုတ်ခမ်းလေးကို ကြည့်မိတော့....ပူပြီး ထိန်းရခက်လာတဲ့ ရင်ခုန်သံတွေ...
ငယ့် လည်ပင်းသားလေးတွေကို ဖွဖွထိမိတယ်။
တဒိတ်ဒိတ်နဲ့ သွေးတိုးသံလေးကိုငယ့်လည်ပင်းမှာ စမ်းမိတယ်။
လည်ပင်းသွေးကြောလေးရဲ့ ခုန်လှုပ်မှုက မောင့်လက်ချောင်းထိပ်ကို ထိနေတာ....ခံစားနေရတယ်။

သွေးတွေပွက်ပွက်ဆူလာသလိုမျိုးဖြစ်လာတယ်။
ထိန်းထားတဲ့ စိတ်ကို ဘယ်လိုနည်းနဲ့မှ....လွှတ်ချလို့မဖြစ်ဘူးလို့....မောင် အကြိမ်ကြိမ်ကိုယ့်ကိုကိုယ်သတိပေးနေရတယ်။

ငယ့်မျက်လုံးလေးတွေက ရီဝေလှိုက်မောပြီး မောင့်ကို ငေးကြည့်နေရတယ်။ မောင် ပြုစားသမျှ ခံနေရတာမို့....ရုန်းကန်ဖို့အင်အားမရှိဘူး။
မောင် လိုအပ်တာဆိုရင် မငြင်းနိုင်ဘူး။

"မောင်....."

တိုးတိုးလေးနဲ့ လှိုက်နေတဲ့အသံလေး....
ထိန်းထားတဲ့စိတ်တွေ....လွတ်ထွက်သွားမိတယ်....
မောင့်လည်ပင်းကိုဆွဲကိုင်ရင်း သူ့မျက်နှာလေးဆီ တိုးကပ်ပြီး နေရာချသည်။
ငယ်....မောင့်ကို... သတ်ပြီ....

ထိကပ်ထားတဲ့ မျက်နှာနှစ်ခု
နှာဖျားလေးကို ဘယ် ညာ ယိမ်းပြီး မောင်....အစပြုသည်။
တဖြတ်ဖြတ်ခတ်နေတဲ့ မျက်လုံးဝိုင်းလေးတွေကို မောင့်နှုတ်ခမ်းနှင့် ပိတ်ချလိုက်သည်။

"မောင်.....အာ...ဟင့်"

တိုးလွန်းလို့ မကြားရဘူး...လေသံ သဲ့သဲ့လေးနဲ့....လူကိုအသေသတ်နေတယ်....ငယ်ထွေးရယ်...

နီထွေးထွေးနှုတ်ခမ်းလေးကို ဆွဲစုပ်လိုက်မိတယ်။
ဟုတ်တယ်....မောင်က...လူဆိုး....မောင်က အရမ်းကို ထိန်းမရအောင်....ငယ့်ကို ကြွေနေတဲ့ လူဆိုး....ငယ် မသတ်ခင်သေပြီးသားမို့ ငယ့်ဆီက ယူမိတဲ့ ဒီအနမ်းအတွက် မောင့်ကို ငယ် ကြိုက်သလိုလုပ်ပါတော့...ငယ်ရယ်.....မောင် နောက်ဆုတ်လို့မရတော့ဘူးကွာ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now