အပိုင်း (၁)

828 25 4
                                    

" အားးး     Vita ! ! ..ခွေးကောင်! "

ဒုန်းးး

တံခါးအား အကြမ်းပတမ်းဆွဲပိတ်လိုက်သံကြောင့် ထွက်ပြူစအီးတုံးလေးပင် လန့်ပြီး အထဲပြန်ဝင်သွားရသည်။

"ဟာ... သောက်ချီးတဲ့မှ! "

ကျားကုတ်ကျားခဲနဲ့ သူ့မှာ အားတင်းပြီးကြိုးစားညှစ်ထားရတဲ့ရလဒ်လေး အညွန့်တုံးသွားပြီမို့ Vita မဆဲရေးဘဲမနေနိုင်တော့။

"ခွေးကောင်ရဲ့! ချီးပါနေရင်လည်း တံခါးလေးတော့ပိတ်လေ... အရှက်မရှိတဲ့အတိုင်း ဖင်တုံးလုံးနဲ့... ယိုသူမရှက် မြင်သူရှက်!! "

ပြောပြောဆိုဆို ခြေဆောင့်လို့အခန်းထဲကနေ ​ပြေးထွက်သွားပြီးမှ ကိုယ့်အခန်းမှန်းသတိရကာ ရှိုင်း  အထဲပြန်ဝင်ရပြန်သည်။

ဒုန်းး ဒုန်းး ဒုန်းး

" Vita ! မင်းနော် .. သူများအခန်းထဲလာပြီးတော့ ချီးပါသေးပေါက်လာလုပ်နေတယ်
မင်းအခန်းထဲမှာက Toiletမရှိလို့လား....
ရေချိုးခန်းထဲက ပစ္စည်းတွေကိုလည်း လျှောက်မကိုင်နေနဲ့...ငါ သေချာစီထားတာ
ပွနေတာတွေ့လို့ကတော့ မင်း မလွယ်ဘူးမှတ်!
မပြီးသေးဘူးလားလို့!! Vita ... အိမ်သာခွက်ထဲပဲ ပြုတ်ကျသွားတာလား
မြန်မြန်လုပ်! ငါလည်း ရေချိုးရအုန်းမှာ "

ကျစ်!

Vita စုတ်သပ်မိရပြီ။

ချီးလည်းမထွက်တော့မယ့်အတူတူ အပြင်ထွက်ရုံပေါ့။

အစက အပျင်းတစ်ပြီး ရေမချိုးတော့ဖို့တွေးထားပေမဲ့ အခုတော့ အဘွားကြီးလို အပြင်ကနေ 'တကျီကျီ'ပူနေတဲ့ရှိုင်းကိုကြည့်မရတာကြောင့် ရေချိုးခန်းထဲကိုပါ ဖွဖြစ်အောင်ဖွဖို့တွေးလိုက်တော့၏။

ရှိုင်း ဘယ်လောက်ပဲအော်အော် ထွက်မလာခဲ့သည့်Vita။ ထွက်မယ့်ထွက်လာတော့လည်း ခန္ဓာကိုယ်မှာ အဝတ်ကတစ်စမကပ်။

"......"

ထွက်လာရင် ပြောဖို့ရည်ရွယ်ထားသမျှ ရုတ်တရက်ရှော့ရသွားရတာမို့ စကားတွေကလည်ချောင်းထဲကထွက်မလာတော့။ ရှိုင်း တခဏ ကြောင်ကြည့်နေပြီးမှ လူကပူထူကာ တစ်ဘက်လှည့်လို့ ဒေါသ​တွေကအလိပ်လိုက်ထွက်လာရသည်။

You've reached the end of published parts.

⏰ Last updated: Apr 03 ⏰

Add this story to your Library to get notified about new parts!

💛You Are My Sunshine💛Where stories live. Discover now