"ရတယ်....မခတ်ပေးနဲ့....လေဝင်နေတာကို"

"ငယ်ထွေး နဖူးမှာ ချွေးစတွေနဲ့လေ....ခဏလေး....မောင်သုတ်ပေးမယ်....ဟိုမှာ....မောင့်ပဝါရှိတယ်....ယူပေးမယ်"

"ဟင့်အင်း....ရပါတယ်ဆို"

ရင်ခွင်ထဲကို ပိုတိုးဝင်ရင်း တိုးတိတိပြောသည်။

"ငယ်ထွေးက လိမ္မာရဲ့သားနဲ့"

"မလိမ္မာပါဘူး"

ပြောလို့ကိုမရ.....ဘဂျမ်းရင်ခွင်ထဲ တောက်တဲ့ကပ်သလိုကပ်နေတယ်....ခါးကိုလဲသိုင်းဖက်ထားတာကျစ်လို့.....
ဒါလား....ဒေါက်တာလင်းသန့်ကြည်

ပြောမရတော့လဲ....ဘဂျမ်းက တစ်မျိုးကြံရပြန်သည်။
မွေ့ယာပေါ်မှာထိုင်ရင်း ရင်ခွင်ထဲကို ဝင်နေတာလေ...
ဘဂျမ်းက ခုထိကြမ်းပြင်ပေါ်မှာပဲထိုင်နေသေးတာ။
မွေ့ယာပေါ်မှာထိုင်နေတဲ့ သူ့အောက်ပိုင်းကို ပွေ့ပြီး ဘဂျမ်းပေါင်ပေါ်ဆွဲတင်လိုက်သည်။
သူ့တစ်ကိုယ်လုံး ခုမှ ဘဂျမ်းကိုယ်ပေါ်ရောက်လာတာ။
ရင်ခွင်ထဲက....နုအိထွေးလေးကို သိုင်းဖက်ရင်း.....ဖင်ရွှေ့ ဖင်ရွှေ့နဲ့ အဝတ်ထည့်တဲ့ပုံးရှိရာသွားသည်။

ရင်ခွင်ထဲ ငုံ့ကြည့်တော့ ပြုံးစိစိနဲ့....
လူကိုစီးပြီး....ကလေးလိုပျော်နေသေးတယ်ပေါ့လေ။

ပုံးကိုဖွင့်တော့ လိုက်ကြည့်နေသေးသည်။

"အသစ်ပေးမလို့လား....မျက်နှာသုတ်ပဝါရော"

"ဟိုတန်းပေါ်မှာလေ....မျက်နှာသုတ်ပဝါက....လျှော်ရသေးဘူးလေ...ငယ်ထွေးရဲ့...အသစ်နဲ့သုတ်ပေးမယ်လေ"

"ဟင့်အင်း.....ဟိုဟာယူပေး...အဟောင်းနဲ့ပဲသုတ်ပေး"

"ဆိုး...လိုက်....တာ"

"အင်း....ဆိုးချင်လာတယ်.....သိလား.....ဘာလို့ဆိုးချင်လာတာပါလိမ့်"

"မောင် ဘယ်သိပါ့မလဲ ငယ်ထွေးရယ်.....မောင်က...ငယ်ထွေးကြောင့် ရူးသွားပြီဟာကို.....ဘယ်လိုသိပါ့မလဲ.....ဒါပေမဲ့....ငယ်ထွေး ဆိုးပါ.....ကြိုက်သလောက်....ဆိုး....ရတယ်...နော်"

သဘောကျသွားသလို ကျေနပ်သွားသလို ရုပ်လေးက ပြုံးနေတော့တာ....
အသည်းယားလို့ နှာဖျားလေးကို ကိုက်လိုက်ချင်တယ်။
ငယ်ထွေးရယ်.... နာရီပိုင်းလေးပဲရှိပါသေးတယ်....
မောင်....ငယ်ထွေးကို ရင်ခွဲပြတာ နာရီပိုင်းပဲရှိပါသေးတယ်။
မောင်ကလေ....ငယ်ထွေးအသားကို နာကျင်အောင်မလုပ်မိချင်ပါဘူး။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now