ပန်းကန်ထဲက ဟင်းတွေကိုကြည့်ပြီး ဘဂျမ်းစိတ်မသက်သာ။
ဒါပေမဲ့...ရှေ့မှာ ထမင်းစားပေါ်​လက်ကလေးထောက်ပြီးသူ မစားမချင်း ကြည့်နေတဲ့ မျက်နှာအကြည်ရောင်လေးကြောင့်...စားရတော့သည်။

"အရည်သောက်လဲ သောက်လေ"

လုပ်ပြန်ပြီ။

"ဟုတ်.....သောက်ပါ့မယ်"

သောက်မယ်လို့ပြောပြီးရင် သောက်ပြရသေးသည်။

"စား....များများ....အစားသိပ်မစားတာဘာကြောင့်လဲ...ဟင်....ဒီလူကောင်ကြီးနဲ့လေ....အစားများများစားနိုင်တယ်ထင်နေတာ....နေ့တိုင်း နေ့တိုင်းကြည့်နေတာကြာပြီ...ထမင်းဆိုလဲ တစ်ခါစားပဲထည့်သွားတယ်....ဒီအိမ်ထဲမှာ လာစားပါဆိုလဲ လာမစားဘူး....ထမင်းလိုတော့ ထပ်လာယူတာလဲမဟုတ်ဘဲနဲ့...အရင်ကလဲ အဲ့လိုအစားနည်းတာလား...ဘဂျမ်းက....ဟင်....ဟုတ်လား....ဒီရောက်မှအားနာနေလို့လား"

အစားစားနေလို့ ပါးစပ်မအားတဲ့ ဘဂျမ်းကို ရှေ့ကနေကြည့်ပြီး သူမေးချင်တာအကုန်မေးနေတော့သည်။
ဘဂျမ်းက ထမင်းစားရင်း သူ့မျက်နှာကို ပြန်ငေးနေရတယ်။ ရင်ထဲက တစ်စုံတစ်ရာကို ဘဂျမ်းမသိချင်ယောင်ဆောင်ရပြန်တယ်။ ဝါးပြီးမျိုသာချလိုက်ရတယ်....ထမင်းနဲ့ဟင်းကို အာရုံကမရောက်ဘူး။
တကယ်ဆို ဘဂျမ်းအတွက်...ဆရာရဲ့ အေးပြီးချိုတဲ့အသံနဲ့တင် ဗိုက်ပြည့်တယ်။
သူလေး...မသိဘူး။
ဘဂျမ်းက....အရမ်းထိန်းနေရတာကို....
တစ်ခါတစ်လေ....သူ့လိုပဲ သိချင်တာတွေအကုန်မေးပစ်ချင်တယ်။
ဖြစ်တည်မှုက ယောကျားလေးနှစ်ယောက်ဖြစ်နေလေတော့...ဘဂျမ်း....သူ့စိတ်ကိုသူလိမ်ညာနေရရှာတယ်။
ဘဂျမ်းသိတာ....ဆရာကို....ထိခိုက်တာမျိုးမရှိအောင်...နာကျင်တာမျိုးမရှိအောင်....စိတ်မညစ်အောင်....ဝမ်းမနည်းအောင်...သူကာကွယ်မယ်။ ဒါပဲ။

"ဆရာ"

"အင်း"

"ဝ ပြီ"

"ဟင်းတွေကျန်သေးတယ်....အကုန်စား"

"ဗိုက်က ပြည့်....."

"ကူစားပေးမယ်....တစ်လုတ် နှစ်လုတ်လောက်...."

ပြောရင်း ဘဂျမ်း ပန်းကန်ထဲကဟင်းကို ဇွန်းနဲ့ခပ်စားသည်။ ဘဂျမ်းက အားနာရပြန်သည်။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now