သူရှိရာသွားရသည်။

"ထမင်းမစားရသေးဘူးလား"

"............"

"ဟင်...လို့....မေးနေတာကို..."

"အင်း"

ဒုတိယတစ်ခေါက်မေးမှ...ထွက်လာတဲ့အသံ

"စားတော့လေ....ဘာလုပ်နေတာလဲ"

"ဟင့်အင်း...."

"ဟယ်....ဘာဖြစ်နေတာလဲ....ဘဂျမ်း....ဟင်...နေမကောင်းဘူးလား"

"ကောင်းတယ်"

"ကောင်းရင်....စားတော့လေ....နောက်ကျနေပြီ"

"အင်း"

စိတ်မရှည်တော့.....လင်းသန့်ကြည်စိတ်မရှည်တော့။
ဘဂျမ်းလက်ကိုဆွဲကာ..ဂိုထောင်ရှေ့က ဒန်းလေးရှိရာဆွဲလာလိုက်သည်။
ပေကြောင်ကြောင်နှင့် ပါလာသည်။
ထိုင်ပြီးတာနဲ့...သူ့လက်ထဲက...ထမင်းပန်းကန်ကိုယူကာ...ဟင်းလဲခပ်ထည့်လိုက်သည်။

"ဟ"

"..........."

"ဟ လို့...ပါးစပ်...."

ထမင်းခပ်ထားသော ဇွန်းလေးက ဘဂျမ်းမျက်နှာရှေ့မှာ....
သူ့ကို ခွံ့ကျွေးဖို့လုပ်နေတဲ့...သူ့အကြည်ရောင်လေး...
မျက်မှန်မပါတော့ မျက်ဝန်းကြည်လေးကိုမြင်နေရသည်။ ရေချိုးထားတာ မကြာသေးတော့....ပိုပြီးကြည်နေတဲ့ မျက်နှာလေး......
ရဲနေတဲ့ နှုတ်ခမ်းလေးက ဟစိစိ....ထမင်းစားမဲ့သူ ပါးစပ်မဟသေးခင် ခွံ့သည့်လူက ပါးစပ်လေးဟန်ပြင် ပြနေတာ။
အူယားလို့သေမှာပဲ။
အဲ့လိုတွေ...မလုပ်စမ်းပါနဲ့...ဆရာရယ်....
ကျွန်တော်က ဆရာနဲ့ စတွေ့ကတည်းကရူးနေတဲ့ကောင်...
ကျွန်တော် ရူးသွားပြီးသား။
လင်းသန့်ကြည်ဆိုတဲ့ လူသားတစ်ယောက်အပေါ် ကျွန်တော် ရူးခဲ့ပြီးသားပါ။

"ဘဂျမ်းရယ်.....စားမယ်လေ...ဟ...ဟ"

အူကြောင်ကြောင်နဲ့ စိတ်လွတ် ကိုယ်လွတ်ဖြစ်နေတဲ့ ဘဂျမ်းကို ကလေးတစ်ယောက်ချော့သလို ချော့သည်။

"ဟို.....ကျွန်တော့်ဘာကျွန်တော်စားပါ့မယ်"

"ရော့...ဒါဆိုရင်လဲ စားလေ"

ထမင်းပန်းကန်ကို ဘဂျမ်းလက်ထဲ ပြန်ထည့်ပေးသည်။

"စားပြီးရင်....နားလိုက်...ညနေ...အန်တီထားနဲ့ကျွန်တော် စျေးထွက်ဝယ်မလို့.....ဘဂျမ်းလဲ လိုက်ခဲ့"

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now