Part 3

80 8 0
                                    

"ခဗျားနဲ့ကျနော် ဆွေးနွေးဖို့လိုနေပြီ"

"ဘာလဲ"

"ရော...ခဗျားပဲစဥ်းစားကြည့်လေ ကျနော်တို့နှစ်ယောက်က မေဂျာမှမတူတာကြီးကို"

"အဲ့တော့ဘာဖြစ်လဲ မင်းပဲပြောင်းလာမယ်ဆိုပြီးပြီလေ"

"ခဗျားစကားကို လက်လွတ်စပယ်မပြောနဲ့ ကျောင်းဥက္ကဋ္ဌက ခဗျားဦးလေးအရင်း သူမသိနိုင်ဘူးလို့ခဗျားထင်လား ပြီးတော့ကျနော်လဲ မိန်းကလေးလို၀တ်ပြီးတစ်ချိန်လုံးမနေနိုင်ဘူး"

"လိုရင်းကိုပြော မင်းဘာဖြစ်ချင်တာလဲ"

"ကျနော် ခဗျားတို့Uniကိုတော့ပြောင်းလာခဲ့မယ် ဒီအိမ်ကြီးကနေတော့ကျောင်းတက်လို့မဖြစ်ဘူး ဒီအိမ်ကနေဆိုရင် မိန်းကလေးလိုပဲ၀တ်ရတော့မှာ ဒါကြောင့် အဆောင်ငှားပြီးနေရအောင်"

"ဟမ်!"

"ကျနော်တို့တွက်အဆင်မပြေဘူးလား ခဗျားလဲဒီမှာတစ်ချိန်လုံးဟန်ဆောင်နိုင်တာမဟုတ်ဘူး"

"ကောင်းပြီလေ မင်းအဆင်ပြေသလိုစီစဥ်ပါ"

"ကျနော် ကျောင်းရောက်ရင်ကျနော့မေဂျာပဲတက်မှာဆိုတော့ ပုံစံအမှန်နဲ့ဘဲတက်မယ်"

"မဖြစ်ဘူးလေ မင်းကပုံစံအမှန်နဲ့တက်တော့ ဦးလေးသိသွားမှာပေါ့"

"အဲ့ဒီအတွက် စိတ်မပူနဲ့ကျနော့မှာပလန်ရှိတယ် ကျနော်တို့နှစ်ယောက်အကြောင်းလဲကျောင်းကမသိလောက်ပါဘူး "

"မင်းက ဘယ်မေဂျာလဲ"

"ဗိသုကာ"

"ငါတို့ဆေးမေဂျာနဲ့နီးနီးလေ"

"ဟုတ်လား ဒါဆိုအဆင်ပြေတယ် ခဗျားဘာထပ်ပြောချင်သေးလဲ"

"တစ်ခုတော့ရှိတယ် ကျောင်းမှာရောက်ရင် တစ်ယောက်ကိုတစ်ယောက်မသိပဲနေရအောင် မင်းဘယ်အဆောင်ရွေးထားလဲ"

"Win အဆောင် အဲ့မှာက ယောကျ်ားလေးအဆောင်နဲ့ မိန်းကလေးအဆောင်နှစ်ခုလုံးရှိတယ်"

"သီးသန့်ငါးလို့မရဘူးလား"

"ရူးနေလား ကျနော်တို့နှစ်ယောက်သီးသန့်နေရင် အဖွားသဘောကျမယ်များထင်နေလား ပြီးတော့ ခဗျားအဖွားက မြစ်တောင်ယူခိုင်းလိုက်သေး"

Date 💐Where stories live. Discover now