Healing Love (28)

Start bij het begin
                                    

" အိမ်မှာ ဘာလုပ်နေတာလဲ ကိုယ့်ကောင်လေးက "

လက်ဖဝါးလေး တစ်ဖက်ကို ဆွဲယူကာ မိမိ လက်ဖဝါးတစ်ဖက်ထဲ နူးနူးညံ့ညံ့ ထည့်ထား၏။ ကျန်လက်တစ်ဖက်ကလည်း Baekhyun ဆံပင်တို့ကို သပ်ပေးနေသည်။

" ဘာမှမ​လုပ်ဘူး "

အသံကလည်း ခပ်မာမာလေးမို့ Chanyeol ပြုံးလိုက်မိပါသည်။ ထို့နောက် ...

" ကိုယ် တောင်းပန်​ပါတယ် "

" မင်းကို မချစ်ဘူးလို့တော့ မထင်ပါနဲ့ ... "

" ဒီရက်ပိုင်း သူမနဲ့ ပတ်သက်တဲ့ ကိစ္စတွေ လိုက်ဖြေရှင်းနေရလို့ စိတ်ဆွဲပြီး ယောင်တာ သက်သက်ပါ ... မင်းကို သူမ နေရာမှာ အစားထိုးတာလည်း မဟုတ်ပါဘူး "

လေသံအေးအေးနဲ့ ရှင်းပြ တောင်းပန်နေတဲ့ Chanyeol ကြောင့် Baekhyun က မျက်တောင်လေး တခတ်ခတ် ဖြစ်လာ၏။ စကားတော့ ပြန်မပြောပါ။

" ကိုယ် ထပ်ပြီး တောင်းပန်​ပါတယ်နော် ကောင်လေး "

" အဟမ်း ! "

ခပ်တိုးတိုး ချောင်းဟန့်သံလေး....
ကောင်လေး စိတ်ပြေချင်နေတဲ့ အလားအလာ တွေ့ရတော့ စိတ်ညစ်နေတဲ့ကြားကပဲ Chanyeol ပြုံးမိသည်။
စိတ်ညစ်တာကလည်း တခြားတော့မဟုတ်ပါ။ အမှုက ဘယ်လိုလာမလဲ ကိုယ်မသိဘူး။ အခု ဘာမှမဖြစ်သေးဘူးဆိုတာကလည်း ကိုယ်ရော လေးလေးကပါ အဖက်ဖက်က ကြိုးစားနေလို့သာ.....

အဖေလည်း သိသွားပြီမို့ သူ့အပူကို သူ့သာ လွှဲပေးလိုက်ပါသည်၊ အောင်စာရင်းထွက်ဖို့ သိပ်မလိုတော့တာမို့ ဒီအောင်စာရင်းလည်း ပူရ ၊ ကိုယ့်အမှုလည်း ပူရ ... ထပ်ပြီး အဖေ့ ကိစ္စပါဆိုရင် ကိုယ် ရူးသွားလိမ့်မည်၊ ကောင်လေး၏ အနွေးဓါတ်မရတော့ လူက ပိုဆိုး၏။

" ကိုယ် .... ခဏလောက် ကောင်လေး ရင်ခွင်ထဲ နေလို့ရမလား "

သူ မေးလိုက်တော့ ကောင်လေးက သူ့ကို လှည့်ကြည့်သည်၊ သူ တစ်ချက် ပြုံးပြလိုက်ကာ ကောင်လေးရဲ့ ရင်ခွင်နွေးနွေးထဲသို့ ခေါင်းတိုးဝှေ့လိုက်၏။ ခါးကိုပါ ဖက်ထားတာကြောင့် ကောင်လေးက ထိုင်နေရာက ခါးလေး မက်သွားသည်။

" ကိုယ့်ကို ခေါင်းလေး ပုတ်ပေး ... "

ဆိုကာ ကောင်လေး လက်ကို ယူပြီး သူ့ခေါင်းပေါ် တင်ပေးသည်။ ဒီရင်ခွင်က တကယ် နွေးထွေး၏။ ကိုယ် ပင်ပန်းထားသမျှ အရာအားလုံး ပြေပျောက်ကုန်သည်အထိ စွမ်းသည်။ ခေါင်းကို ခပ်ဖြည်းဖြည်းချင်း ပုတ်ပေးနေတဲ့ လက်ကလေးကတော့ ကိုယ့် ပဲ့ကိုင်လေးပေါ့။

Healing LoveWaar verhalen tot leven komen. Ontdek het nu