Part-28

589 52 2
                                    

lisa အောက်ထဲရောက်တော့ jenနဲ့တွေ့တယ် ဒါပေမဲ့ sooကိုတော့မတွေ့ဘူး

lisa-''jen တစ်ယောက်ထဲလား''

jen-''တစ်ယောက်ထဲမြင်တယ်စမ်းနဲ့ တစ်ယောက်ထဲလား ဆိုတော့ ငါကဘယ်လိုပြောရမလဲ''

lisa-''ငါပြောချင်တာက sooရောမပါဘူးလားလို့မေးချင်တာပါ''

jen-''အစောကြီးထဲက ခုလို့မေးရင်ပြီနေတာကို sooကဒီနေ့ မလာဘူး''

lisa-''ဘာဖြစ်လို့မလာတာလဲ''

jen-''နင်sooကိုများကြိုက်နေတာလား မနေ့မနက်က sooနဲ့နင် စကားပြောနေတာကိုမြင်လိုက်တယ်နော် နှစ်ယောက်ထဲ''

lisa-''မကြိုက်ပါဘူး မနေ့တုန်းက sooကchaeကျောင်းမလာဘူးလားလို့မေးနေတာပါ''

jen-''အော် အဲ့လို လား''

lisa-''ဟုတ်တယ် sooဘာဖြစ်လို့ကျောင်းမလာလဲဆိုတာပြောပြအုံးလေ''

jen-''အင်းပါပြောပြပါမယ်  sooက သူ့အဘိုးဆေးရုံတင်လိုက်ရလို့ သတင်းသွားမေးကြမလို့တဲ့ အဲ့ဒါကြောင့်မို့ ကျောင်းမလာတော့တာ''

lisa-''အော် အဲ့ဒါဆို အဖြေတောင်းလို့မရတော့ဘူးပေါ့''

jen-''ဘာအဖြေတောင်းလို့မရတော့တာလဲ''

lisa-''ဘာမှ မဟုတ်ပါဘူးjen''

jen-''ငါကို မလိမ်နဲ့ မှန်မှန်ပြောlisa မပြောရင်စိတ်ဆိုးမှာနော်''

lisa-''ပြောဆိုရင်ပြောပါမယ် စိတ်မဆိုးပါနဲ့  chaeကsooကိုကြိုက်နေတာ သိတယ်မလား''

jen-''အင်း သိတယ်လေ ဘာဖြစ်လို့လဲ''

lisa-''အဲ့ဒါ ငါက chaeကို ဖွင့်ပြောခိုင်းမလို့sooကို ဖွင့်ပြောပြီရင် အဖြေတောင်းမလို့လေ ခုကျတော့ sooကမလာဘူးဆို့တော့ မနက်ဖြန်မှဘဲ ပြောခိုင်းပြီchaeကိုအဖြေတောင်းခိုင်းရတော့မှာပေါ့''

jen-''အော် နင်ကအောင်သွယ်တော် လုပ်နေတာပေါ့ ဟုတ်လား''

lisa-''ဟုတ်တယ်လေ ငါကသူ့တို့အတွက် မြှားနတ်မ ဘဲလေ''

jen-''ဘယ်လို မြှားနတ်မ ဟုတ်လား ငါကြားဖူးတာမြှားနတ်မောင်ပါ နင်ကျမှဘဲမြှားနတ်မ တဲ့''

lisa-''မကြားဖူးရင် ခုကြားဖူးတယ်လို့ မှတ်လိုက်တော့ ကျောင်းတက်တော့မှာ ငါသွားတော့မယ်''

jen-''အင်း''

jenလဲအခန်းထဲဝင်သွားပြီ liလဲအခန်းထဲရောက်ပြီပေါ့

lisa-''chaeရေ ဒီနေ့sooကျောင်းမလာဘူးတဲ့ စိတ်ညစ်လိုက်တာ အဆင်ပြေတော့မှာကိုကွာ''

chaeထင်လိုက်တာက lisaကိုအဖြေပေးမဲ့နေ့မှာ sooကကျောင်းမလာလို့ lisaက စိတ်ညစ်နေတယ် ထင်နေတာ

chae-''ဒီနေ့ soo ကျောင်းမလာဘူးပေါ့''

lisa-''အင်း ဘာဖြစ်လို့လဲ မမေးတော့ဘူးလား နင်မမေးလဲငါပြောပြမယ် ဒီလိုsooကသူ့အဘိုးဆေးရုံတင်လိုက်ရလို့ သတင်းသွားမေးတာတဲ့ jenကပြောလိုက်တယ်''

chae-''အော် အင်းပါ''

lisa-''နင်ဒီနေ့ ဘာဖြစ်နေတာလဲ''

chae-''ငါက ဘာဖြစ်နေလို့လဲ''

lisa-''ခါတိုင်းဆိုရင် sooအကြောင်းပြောလိုက်တာနဲ့ sooဘာဖြစ်လို့လဲ စိတ်ပူပြီမေးနေတဲ့နင်က ဒီနေ့မှာ sooဘာလို့ကျောင်းမလာတာလဲဆိုတာ စိတ်လဲမဝင်စားဘူး နောက်ပြီတော့ သိရောသိချင်ရဲ့လားchae''

chae-''ခေါင်းနည်းနည်းကိုက်နေလို့ နောက်ပြီတော့ အဖျားကသိပ်ပျောက်သေးတာမဟုတ်ဘူးအဲ့ဒါကြောင့်ပါ''

lisa-''အင်းပါ ပေး စာအုပ် ငါစာကူးပေးမယ်''

chae-''ကျေးဇူးဘဲlisa''

lisa-''ရပါတယ် ငါတို့က သူငယ်ချင်းဘဲလေ ကျေးဇူးတင်စရာမလိုပါဘူး''

ခနနေတော့ ဆရာမရောက်လာတယ် တစ်ချိန်ပြီ တစ်ချိန်သင်ပြီတော့
ကျောင်းဆင်းချိန်ရောက်ပြီးပေါ့
(အမြဲတမ်းကျောင်းဆင်းချိန်ဘဲ ရောက်ရောက်သွားတယ် စာသင်တာပျင်းလို့ ကျော်လိုက်တာ😁)

ဖတ်ပေးတဲ့တစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ် Voteပေးတဲ့သူတွေလဲကျေးဇူးပါ Upပေးလိုက်ပြီနော် Voteလဲပေးကြပါအုံးနော် please

တစ်ဖက်သတ်အချစ် (season-1)Where stories live. Discover now