' ..... '

' မောင်! ချစ် နောက်ဆုံးအ​နေနဲ့ထပ်​မေးမယ် ချစ်ရဲ့ လက်ကိုဆွဲပြီး မောင့် ဘဝသစ်ကို ဖန်တီးတည်​ဆောက်မလား ဟို စိတ္တဇ ဘေးနားမှာနေပြီး​တော့
မောင့် ဘဝကို အနစ်မွန်းခံမလား မောင်​ရွေးချယ်! '

ကမ်းလင့်​ပေးလာတဲ့ သူမရဲ့ လက်တစ်စုံရယ် အ​ရေး​​​ပေါ်အခန်းထဲမှာ အသက်ရှင်ဖို့ ရုန်းကန်​နေရတဲ့ သူရယ် ....
* ငါ ဘာကို​ရွေးချယ်ရ​​တော့မှာလဲ *

စိတ်ရှုပ်​ထွေးစွာ နဲ့ မျက်စိကို မှိတ်ထားမိ​တော့ ပထမဆုံး​ပေါ်လာတာက Mean..
* ပျော်ရွှင်ရတယ် ဆိုတာကို အကိုနဲ့တွေ့တဲ့အချိန်ကမှ စပြီး​တော့ ခံစားရတာမို့ ကျွန်တော့်ကို ထားမသွားပါနဲ့​နော် *
သူ​ပြောခဲ့တဲ့စကား​တွေကို အမှတ်ရ​နေမိတာပဲ....နောက်ထပ်အ​ဖြေတစ်ခု ထပ်စဥ်းစားဖို့ မလို​​တော့ပါဖူး ..

' sorry မြူ ကျွန်တော် သူ့အနားမှာ ဆက်​နေမှဖြစ်မယ် '

' ဘာ! '

ဒေါသတကြီးနဲ့ အော်လိုက်တာ​ကြောင့် ဆေးရုံက လူ​တွေအားလုံးရဲ့ အကြည့်တွေက ကျွန်​တော်တို့ ၂ ယောက်ဆီမှာ ... သူ့ဆီကို ဖုန်းမဆက်ခင်ထဲကိုက ဒီလိုအ​ခြေအ​နေ​ ကြုံလာနိုင်တယ်ဆိုတာကို တွေးထားပြီးသားမို့လို့
နှုတ်ဆိတ်ပြီးပဲ နေလိုက်ပါ​တော့မယ်..

' နင် တကယ့် $ရူးပဲ နင့်ကို အဲ့​လောက်ထိ ဦး​နှောက် မဲ့မယ်လို့ ငါ လုံးဝ မထင်ထားဖူး သိလား '

' ကျွန်​​တော် တောင်းပန်ပါတယ် ... '

' မ​တောင်းပန်နဲ့ နင် တောင်းပန်တိုင်း ငါက ခွင့်လွှတ်မယ် ထင်​နေလား ဟက်
နင်လို လူမျိုးကို ငါ ဘာလို့ ချစ်ခဲ့မိတာလဲ စဥ်းစားလို့ကို မရဖူး '
' ... '

' နင် အခု ငါ့ကို ဖုန်းဆက်တာက ဟို​ကောင့်ကို ကယ်ဖို့ ငါက ပိုက်ဆံ ထုတ်​​ပေးရမယ်​ပေါ့ ဆု​တောင်း​လေ သေပါ​စေ မ​ပေးနိုင်ဖူး '

' မင်း ဘာလို့ အဲ့​လောက် ရက်စက်ရတာလဲ! မင်းအတွက်  လူတစ်​ယောက် အသက်က အဲ့​လောက်​တောင် တန်ဖိုးမရှိဖူးလား '

' နင် ငါ့ကို လာမ​​အော်နဲ့ နင်က ဘာ​တွေများမှန်​နေလို့လဲ '

🔥P.S.Y.C.H.O🔥Opowieści tętniące życiem. Odkryj je teraz