' မောင် မောင် ဘာဖြစ်သွား​သေးလဲဟင် ဟို​ကောင်​ မောင့်ကိုဘာ​တွေလုပ်လိုက်​တာလဲ '

' ဘာ ... ဘာမှ မလုပ်ပါဖူး '

' အဲ့တာဆို မောင်က ဘာလို့ဆေးရုံ​ရောက်​နေတာလဲ '

' ဟို အခု ဆေးရုံကို​ရောက်​နေတာက ကျွန်​တော့်အတွက် မဟုတ်ပါဖူး..
ကျွန်​တော် မြူ့ကို  ဖုန်းဆက်လိုက်တာကလည်း အကူအညီ​တောင်းစရာရှိလို့ပါ '

' ဘာ အကူအညီလဲ မောင် '

'အခု.. အခု သူ ကား accident ဖြစ်လို့ emergency room ထဲမှာ​ရောက်​နေတယ် .. ကျွန်တော့်မှာ စုထားတဲ့ ပိုက်ဆံ​လေး​တွေရှိ​ပေမယ့်  ဆေးရုံစရိတ်မ​လောက်ဖူးဖြစ်​နေခဲ့တာ အဲ့တာ ကျွန်​တော့်ကို ပိုက်ဆံ​ချေးလို့ ရ...  '

' သူ ဆိုတာ  Mean ကို​ပြောတာလား မောင် '
' ဟုတ်တယ် မြူ သူ အခုအ​ရေး​ပေါ်ခန်းထဲမှာ.... '

' ကောင်းတာ​ပေါ့ မောင်ရဲ့ မောင်က ဘာ​တွေ စိတ်ပူ​နေတာလဲ သေပါ​စေ​ပေါ့ '

သူမ ပြောလိုက်တယ့် စကား​ကြောင့် အံ့သြစွာ မော့ကြည့်လိုက်မိ​တော့ သူမရဲ့ ပုံစံက အရမ်းကို ကျေနပ်ပျော်ရွှင်​နေတဲ့ပုံစံ .. လူတစ်​ယောက်ကို ဘယ်​လောက်ပဲ မုန်း​နေပါ​စေ ဒီလိုအ​ခြေအ​နေမျိုးမှာ​တော့ အဲ့လောက်​တော့ မ​​ပြောသင့်ဖူး
မဟုတ်လား ..

' အခု မောင်လွတ်လပ်သွားပြီ​လေ မောင့်ကို စိတ်ဒုက္ခ​ပေးမယ့် သူမရှိ​တော့ဖူး​မောင့်ဘဝကို မောင့်စိတ်တိုင်းကျ အရင်လိုပြန်​နေလို့ရပြီ နောက်ပြီး​တော့ ချစ်လည်း မောင့်ရဲ့ အရာရာတိုင်းကိုခွင့်လွှတ်​ပေးနိုင်တယ် အဲ့တာ​​ကြောင့် ချစ်တို့ အခုထွက်သွားကြရ​အောင်နော် '

' ဟင် သူ့ကို ထားခဲ့ရမှာလား '

'  ဟုတ်တယ်​လေ မောင်ရဲ့  လာ သွားမယ်  .. '

' .... '

' မောင်! ဘာ​တွေ တွေ​ဝေ​နေတာလဲ လာ သွားမယ်ဆို​နေ '

' သူ့မှာ  ကျွန်​တော်ကလွဲပြီး ဘယ်သူမှ မရှိတာကို ကျွန်​တော်က သူ့ကိုထပ်ပြီး ထားခဲ့မယ်ဆိုရင် ဘယ်ဖြစ်ပါ့မလဲ '

' မောင်.. မောင်ရူး​နေပြီလားဟမ် ဟို $ရူး​ကောင်နဲ့ အ​နေနီးပြီး မောင်ရူး​နေပြီ သိရဲ့လား '

🔥P.S.Y.C.H.O🔥Where stories live. Discover now