When my ex-husband loves me again(22)zaw+uni

3K 341 15
                                    

Zawgyi

အဘိုးရှိလား...ဦးလေးလီ..."

မနက်စောစောစီးစီး ရှောင်းဘိုး ရဲ့တစ်ချက်လွှတ်အမိန့်ကြောင့် စိတ်ပင်ပန်းရသည်။

"ရှိတယ်သခင်လေး ၊သခင်လေးကို စောင့်နေတယ်....
အခန်းထဲမှာဝင်သွားလိုက်ပါ"

ရှောင်ကျန့်ကမ၀င်ချင်သလိုတွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာကြောင့်အတွင်းရေးမှူးလီကသတိပေးလာသည်။

"အင်း...."

တံခါးတွန်းဖွင့်ဝင်ပြီးတဲ့နောက်မှာ ရှောင်ကျန့်ကစိတ်ပျက်လက်ပျက်ဖြင့် အခန်းထဲကိုဝှေ့ဝိုက်ကြည့်မိသည်ဒါဘိုးရှောင်ရဲ့စာကြည့်ခန်းဘဲဘိုးရှောင်ကဘယ်မှာများလဲ...

မရောက်တာကြာပြီဖြစ်တဲ့ ဒီနေရာက ကျောချမ်းစရာ‌ ကောင်းလွန်းသည်။

"ရှောင်ကျန့်..."

"အာ...ဘိုးရှောင်း"

ရှောင်ကျန့်အနောက်မှာ တုတ်ကောက်တစ်ချောင်းနဲ့ ခပ်တည်တည် မျက်နှာအနေအထားဖြင့်ရှိနေတဲ့ ဘိုးရှောင်းကိုမြင်ရတော့ အနည်းငယ်လန့်သွားဟန်ဖြင့်ခြေလှမ်းတွေကိုနောက်ဆုတ်မိသည်။

"ထိုင်လေ..ခြေထောက်မပါလို့လား..."

"မဟုတ်ဘူး၊ပါတယ် ဒါနဲ့ဘိုး‌ရှောင်က ကျွန်တော်နဲ့ဘာကိစ္စတွေ့ချင်လို့လဲ..."

နောက်လှည့်ကြည့်ကာပြောရင်း ခြေလှမ်းတွေကဆိုဖာဘက်ဆီဦးတည်ပြီးသား...

အသက်30ကျော်မြေးဖြစ်သူကို ဘာတွေအကျပ်ကိုင်
ဦးမှာလဲ၊တကယ်ဉာဏ်များလွန်းတယ်မဟုတ်လား

ထိုင် နေရင်းမိနစ်30လောက်ကြာသွားတယ်ထင်တယ် ရှောင်ကျန့်နှင့် ဘိုးရှောင်းက မျက်နှာချင်းဆိုင်အနေအထားကနေဘာစကားတစ်ခွန်းမှမဆိုဘဲ တစ်ယောက်နဲ့တစ်ယောက်စိုက်ကြည့်မိနေကြတုန်း...

"ပြောစရာမရှိရင် ကျွန်တော်ပြန်တော့မယ်၊magazineအတွက် posterရိုက်ကူးဖို့ရှိသေးတယ်
ခွင့်ပြု..."

"ရှောင်ကျန့်မင်းယောက်ျားဟောင်းဝမ်ရိပေါ်နဲ့လတ်တ‌ လောဆက်သွယ်နေသေးတယ်မဟုတ်လား"

ရှောင်ကျန့်က ထတော့မယ့်အနေအထားကနေမျက်မှောင်ကျုံ့ကာဘိုး‌ရှောင်းကိုတစ်ချက်
ကြည့်မိ၏

When My Ex-husband loves me againWhere stories live. Discover now