Zawgyi
နောက်နေ့ မနက်နိုးလာတော့ အန်နာဟာ မနက်စာစားရန် သူ့ဖခင်ဆီက အမှာစကားကြောင့် သူ့ကိုအားတက်သရောပြင်ဆင်ပေးနေတော့သည်၊အရင်ဘဝကဆို သူတကယ်ကိုစိတ်လှုပ်ရှားမိမှာ အမှန်ပေမယ့် အခုတော့ထူးထူးခြားခြား ဘာမှမဖြစ်တော့ပေ၊
အဟက် သူတို့ရဲ့အကြီးဆုံးအစ်ကိုသုံးယောက်နဲ့အန်ဒီးယားဟာ ဖခင်နဲ့အတူ မနက်စာအတူစားရသည်၊ဘာကြောင့်လဲ? အန်ဒီးယားက သူ့ဖခင်ရဲ့အချစ်ဆုံးမိန်းမရဲ့ရတနာလေးဖြစ်နေတာကိုး၊ ပြီးတော့ နောက်နှစ် စွမ်းအင်နိုးထပွဲမှာ အန်ဒီးယားဟာ သူ့ဖခင်လိုပင် မိုးကြိုးစွမ်းအင်နိုးထလာတော့သည်၊ဒါဟာ သူ့ဖခင်ရဲ့အလေးပေးမှုကို ပိုမိုသက်ရောက်စေသည်၊ သူကျတော့ကော? စွမ်းအင်နှစ်မျိုးနဲ့မွေးဖွားလာတဲ့ပါရမီရှင်၊ထိုပွဲဟာ အန်ဒီးယားနဲ့အတူ နိုးထပွဲကျင်းပပေမယ့် 'မဆိုးပါဘူး'ဆိုသည့် စကားတခွန်းသာ သူ့ဖခင်ဆီက ထွက်လာသည်၊ပြောရရင် ထိုစကားကသူ့ကိုညွှန်းပြောသည့် သူ့ဖခင်ရဲ့ပထမဆုံးစကားပေ၊ ပြန်တွေးကြည့်ရင် သူ့အချစ်ဆုံးသားအတွက် ပိုမိုသာနေသည့် ငါ့ကိုမုန်းတီးနေမှာသေချာသည်၊ငါက သူရဲ့ခြံစောင့်ခွေးသာသာ သူ့အချစ်ဆုံးသားရဲ့ခြေနင်းခုံသာသာပေ၊
ဒီနှစ်တော့ အရင်လို နိုးထပွဲမှာ လူအထင်ကြီးအောင်လုပ်ဖို့ စိတ်ကူးမရှိချေ၊ သူရဲ့စွမ်းအင်နဲ့အရည်အချင်းကို ဖုံးကွယ်ထားပြီး တနေ့ သူအသက်ပြည့်သည့်အချိန်ကျရင် ဒီနေရာက အပြီးတိုင်ထွက်ခွာသွားတော့မည်၊
"သခင်လေး သွားရအောင်" အန်နာစကားကြောင့် သူအတွေးများ ပြတ်တောက်သွားကာ ဒန်နာရီဟာ အဓိကအိမ်တော်ရှိရာကို ဦးဆောင်သွားတော့သည်၊သူနေထိုင်သည့်စံအိမ်နဲ့အဓိကအိမ်တော်ဟာ အနည်းငယ်အလှမ်းဝေးပေမယ့် သူဟာလောခြင်းမရှိ အေးဆေးစွာလျှောက်လှ
ှမ်းလာတော့သည်၊ဒန်နာရီ ဒီခမ်းနားသည့်တံခါးရှေ့ကို ထပ်မံရောက်လာတော့သည်၊အရင်ကဆို သူအရမ်းကို စိတ်လှုပ်ရှားမိမှာ အမှန်ပေ ဒါပေမယ့် အခုတော့ ဒီတံခါးနောက်ကလူတွေဟာ သူရွံရှာမုန်းတီးမိသည်ဟာ အမှန်ပေ၊ ဒန်နာရီ အသက်ကိုပြင်းပြင်းရှူမှုတ်လိုက်ပြီး အန်နာကို တံခါးဖွင့်ရန်ပြောလိုက်တော့သည်၊
CZYTASZ
FantasyStarted date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တယ်... သူ့သက်တော်စောင့်ကလည်း သူ့အပေါ် နောက်ကျောဓားထိုးခံတယ်... သူရဲ့မိသားစုကလည်း သူအပေါ် မိသားစုတစ်ယောက်လို မဆက်ဆံခဲ့ဘူး... သူရဲ့ပညာတွေ .သူရ...