Chapter -2(အစကနေ ပြန်လည်စတင်ခြင်း)
Start from the beginning
အန်ဒီးယားရဲ့ချစ်စဖွယ် ချွဲနွဲ့နွဲ့များကြားမှာ သူ့အစ်ကိုတွေဟာပျော်ရွှင် ရယ်မောနေသည်ကို သူတွေ့လိုက်ပေမယ့်၊အေးဆေးစွာဖြင့် ဝင်လာပြီး
"မင်္ဂလာမနက်ခင်းပါ အဖေ၊ မင်္ဂလာမနက်ခင်းပါ အစ်ကိုတို့၊မင်္ဂလာမနက်ခင်းပါ ညီငယ်အန်ဒီးယား"လို့ နူတ်ဆက်လိုက်ပြီး ထောင့်စွန်းမှာလွတ်နေသည့် ခုံမှာဝင်ထိုင်လိုက်သည်၊အရင်ဘဝက သူ့အစ်ကိုဖြစ်သည့် အစ်ကိုသုံးဘေးမှာ ထိုင်မိတာကြောင့် 'ကိုယ့်နေရာ ကိုယ်မသိတဲ့ကောင်'အဖြင့် အပြောခံရသည့်အဖြစ်အပျက်ကို သူမမေ့ချေ၊
အကုန်လုံးဟာ သူဝင်လာသည်နှင့်တိတ်ဆိတ်သွားသော်လည်း အရင်ဘဝကလို ပြုံးပြုံးရွှင်ရွှင်ဖြင့် အရူးတစ်ကောင်လို စကားလိုက်ပြောခြင်းမလုပ်တော့ပေ၊
"အဟမ်း လူစုံပြီဆိုတော့ စားကြရအောင်"လို့ သူ့အဖေဟာ ပြောလာသည်နှင့် အကုန်လုံးဟာ အေးဆေးစတင်စားသောက်တော့သည်၊အန်ဒီးယာကတော့ စွပ်ပြုတ်သောက်သည့်ဇွန်းနဲ့ အခြားဇွန်းမှားယူကာ စားသောက်နေသည်ကို သူ့တို့ တတိယအစ်ကိုဟာ မြင်တော့ နွေးထွေးသည့် အမူအရာဖြင့်...
"ဘယ်လောက်ပြောပြော မမှတ်ဘူး... "လို့ ဆူပူသည့်အသံဖြင့်မတူစွာ ဆူပူနေပြီး၊စွပ်ပြုတ်ခပ်စားသည့် ဇွန်းကို လက်ထဲထည့်ကာ သေချာမှတ်ထားရန်ပြောနေတော့သည်၊ အိုင်းမက်စ်ဟာ သူတို့ရဲ့အငယ်ဆုံးညီလေးကို ကြည့်ပြီးနောက် သူတို့ရဲ့နောက်ထပ် ခုနှစ်ယောက်မြောက်ညီငယ်ကို လှမ်းကြည့်လိုက်တော့ သူ့မျက်ဝန်းများဟာ အံ့အားသင့်သွားတော့သည်၊ ငါးနှစ်အရွယ်ကလေးတစ်ယောက်နဲ့မတူ စားသောက်နေသည့်ပုံစံဟာ သေသပ်လှပလွန်းသည်၊စွပ်ပြုတ်ခတ်လိုက်သည့်အချိန်တိုင်း ဇွန်းကနေ အရည်တစ်စက်တောင် ကျခြင်းမရှိသလို၊အသံမြည်သွားခြင်းလည်းမရှိပေ၊ ဒါတွေမကဘူး ကိတ်ကို ဖဲ့ကာစားသုံးနေသည့်ပုံကအစ အရမ်းကိုကြည့်ကောင်းလွန်းသည်၊
ဒါ အနောက်စံအိမ်မှာ တစ်ယောက်ထဲနေထိုင်သည့် သူတိုညီငယ်လေးလား?ဒါကို အိုင်းမက်စ်တစ်ယောက်ထဲ သတိထားမိခြင်းမဟုတ်၊အကုန်လုံးဟာ သတိထားမိသည်၊သူတို့ ညီငယ်ဟာ ဝင်လာထဲက အရမ်းကိုအေးတိအေးစက်နိုင်သလို သူတို့ပေါ်မနှစ်သက်သလို အနည်းငယ်လည်း ခံစားရသည်၊