အပိုင်း ၂၈

Start from the beginning
                                    

"ဟွန့်...ဟုတ်ပါပြီ...သူလာမှပဲ...နင်ပြောတာတွေနဲ့ ကိုက်ညီရဲ့လားဆိုတာ ငါလေ့လာကြည့်ရမှာပေါ့...ဒါနဲ့ အရွယ်က ငါတို့အရွယ်လား..."

"မဟုတ်ဘူး...၁၅ နှစ်...ငါတို့ထက် ၃နှစ်လောက်ငယ်တယ်"

ခပ်ဟော့ဟော့ နဲ့ကောင်မလေးသည် နှာခေါင်းတစ်ချက်ရှုံ့ပြလာပြီး

"ဒါကို...နင်က...ဘယ်လိုစိတ်နဲ့ငါ့ကိုလာပြောနေတာလည်း ကလေးသာသာပဲကို...ငါ့ရဲ့ daddy ကြီးတွေရဲ့ ခြေဖျားတောင်မှီပါ့မလား...ငါက သေးသေးလေးတွေ မကြိုက်ပု..."

သူမ၏အပြောကြောင့် ဘေးနားတွင် တမျှော်မျှော်
ပြန်လုပ်နေသည့် ကောင်မလေးက သူမ၏ ဘက်ကို ခေါင်းပြန်လှည့်လာပြီး မခံမရပ်ဖြစ်သွားကာ လေသံ
ခပ်ကျယ်ကျယ်ဖြင့် ပြန်ဆိုလာလေသည်။

"ဘယ်ကသာ သေးရမှာလည်း...ကြီးတယ်ဟဲ့... ကြီးတယ်...အဲ့အသက်ရွယ်လို့တောင် မထင်ရဘူး...သူလာမှ နင်ကြည့်ကြည့်လိုက်..."

ထိုအချိန်မှာပင် BD Club ၏ အရှေ့ဘက် လမ်းမျက်နှာစာဆီသို့ နောက်ဆုံးပေါ် အနက်ရောင် မာစီးဒီးကားကြီး တစ်စီး ထိုးရပ်လာလေသည်။

ရှိသမျှကောင်မလေးများအားလုံးသည်လည်း အသံတကျွတ်ကျွတ်ဖြင့် ပို၍ပင်ယောက်ယက်ခတ်လာကာ ဂဏာမငြိမ် ဖြစ်လာကြသည်။
အားလုံးလိုလိုပင် သိချင်စိတ်များဖြင့် အတွင်းပိုင်းကို မမြင်ရသည့် ကားမှန်ဆီသို့သာ မျက်လုံးရောက်နေကြတော့သည်။
ကားတံခါးဖွင့်ဟလာသည့် အသံကို ကြားရသည်နဲ့ မျက်လုံးအလုံးစုံသည်ကား ကားတံခါးအမြန်ပွင့်ဟလာရန်ကိုသာစောင့်ဆိုင်းနေသည့်ဟန်ဖြင့် စူးစမ်းလိုစိတ်ပြင်းပြစွာ...

ကားမောင်းသူနေရာမှ အနက်ရောင် ရှူးဖိနပ် နှင့်အတူ ကိုယ်ထည် အလုံးစုံသည်ကား လူအားလုံး၏ အရှေ့တွင် အေးဆေးတည်ငြိမ်စွာဖြင့်ပင် ထွက်လာခဲ့သည်။

အားလုံး၏ မျက်လုံးများသည်ကား မသိမသာမှေးကျဉ်းသွားကြသည်။ သူတို့ထင်ထားသလောက်လည်း ဟုတ်မနေခဲ့ပါချေ။

ခပ်ဟော့ဟော့နဲ့ကောင်မလေးသည် သူငယ်ချင်းဖြစ်သူထံသို့ မျက်စောင်းထိုးမဲ့ရွဲ့ကာဆိုလာသည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now