_10_ {Zawgyi}

2.5K 130 0
                                    


ရှောင်းကျန့်အိပ်​ပျော်သွား​သည်ထိ ​ချော့သိပ်ပြီး အချုပ်ခန်းဆီဝမ်ရိ​ပေါ်ထွက်လာခဲ့သည်။ အချုပ်ခန်းထဲဝင်လိုက်သည်နှင့် ရှန့်ယိအာ၏အထက်စီးဆန်ဆန်အော်​ငေါက်သံ​တွေက ဆူညံ​နေသည်။

"ထုတ်​ပေးလိုက်!"

အချုပ်ခန်းထဲမှမိဖုရားရှန့်​ယိအာအား ရဲမက်​တွေကဝမ်မင်းကြီးရှေ့ပို့​ပေးလိုက်သည်။

"မင်းကြီး ကျွန်တော်မျိုးမမှားမှန်းသိပြီမို့ကြင်ယာ​တော်​ရှောင်းကျန့်ကိုပြန်​တောင်းပန်လိုက်ပါ့မယ်။ ကျွန်တော်မျိုးမကိုလွှတ်​ပေးပါ"

"မင်းအဲ့လိုတောင်းပန်လိုက်တာနဲ့​သေသွားတဲ့သူ​တွေကပြန်ရှင်လာမှာတဲ့လား"

အသံတိတ်သွားသည့်ရှန့်ယိအာသည် သူ့အားကြည့်သာကြည့်​နေသည်။ ဝမ်ရိ​ပေါ် မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ ကြံရာပါရဲမက်​တွေကိုပါအချုပ်ခန်းထဲမှထုတ်ခိုင်းလိုက်၏။ သူ့​ရှေ့တွင်တန်းစီကာဒူး​ထောက်​နေကြရသည့်ကြံရာပါရဲမက်​တွေသည် နှိပ်စက်ခဲ့ကြသည်မှာသူတို့မဟုတ်သည့်အတိုင်း တုန်ယင်​နေကြသည်။

ဓါးအိမ်ထဲမှသွေးစွန်း​နေ​ဆဲဖြစ်သည့်ဓါးသွားအား ဝမ်ရိ​ပေါ်သ​ဘောတကျကြည့်လိုက်သည်။ ထို့​နောက်စပ်ကနဲဆိုသလိုအနီးနားတွင်ရှိသည့် ဒူး​ထောက်​နေသည့်ရဲမက်၏လည်တိုင်အားခုတ်ချလိုက်​တော့သည်။

ချက်ချင်းအသက်ထွက်သွားသည့် ရဲမက်၏သွေး​​တွေသည် ရှန့်ယိအာဆီစင်လို့သွားသည်။

"မင်း...မင်းကြီး"

"ကိုယ်​တော်က ကျန်တာသည်းခံနိုင်​ပေမယ့်ကြင်ယာ​တော်​ရှောင်းကိုထိရင်​တော့ သတ်ပစ်ဖို့လည်းဝန်မ​လေးဘူး။ ဒါ့အပြင်မယ်​တော့်ကိုပါ.
."

"မှား..မှားမှန်းသိပါပြီ။ အသက်ချမ်းသာ​ပေးပါ"

"ငါမင်းကို ဒီတိုင်း​တော့မသတ်ပါဘူး"

"....."

"ညှင်းပန်းပြီးသတ်မှာ။ ခံနိုင်ရည်ရှိ​အောင်အား​မွေးထားပါ။ မင်းရဲ့ခမည်း​တော်​ရောတိုင်းပြည်ပါ ငါ့လက်ခုပ်ထဲက​ရေဖြစ်​နေပြီမို့မင်းကိုဘယ်သူမှလည်းကယ်နိုင်မှာမဟုတ်​တော့ဘူး။ ရဲမက်​တွေ!! မိဖုရားကိုအချုပ်ထဲပြန်ထည့်ထားလိုက်"

Lotus Flower [Complete]Where stories live. Discover now