my first and last

Start from the beginning
                                    

"ကောင်းလိုက်တဲ့အလုပ်ပဲဗျာ။ Sungကတော့ စာဖတ်ရတာဝါသနာပါတယ်။ ဒီတိုင်း film academy တစ်ခုမှာ intern ဆင်းနေတာ။ ကိုယ့်ကိုကိုယ်ဓါတ်ပုံဆရာရယ်လို့တော့မသတ်မှတ်သေးဘူးဗျ။"

"မင်းစာဖတ်ရတာကြိုက်တယ်ပေါ့။ ဒါဆို ကျွန်တော်သွားနကျစာအုပ်ဆိုင်တစ်ဆိုင်ခေါ်သွားမယ်။ အခုအားလားမသိဘူး.."

"ကျွန်တော် အခုတော့ဓါတ်ပုံဆိုင်မှာ film ဆေးပြီးရုံးကိုပြန်သွားအပ်ရမှာမလို့ မအားသေးဘူးဗျ။"

Ren ရဲ့မျက်နှာကလေးမှိုင်တိုင်တိုင်ဖြစ်သွားသည်။

"အော် ရပါတယ်။"

"အဆင်ပြေရင် ဖုန်းနံပါတ်ပေးထားမလားဗျ။ ကျွန်တော်အားတဲ့တစ်နေ့စာပို့လိုက်မယ်။ Renပြောတဲ့စာအုပ်ဆိုင်သွားကြမယ်လေ။"

"ဒါဆိုလဲ အဲ့လိုလုပ်ကြတာပေါ့။"

အချိန်တစ်မိနစ်တောင်မရှိသေး.. Ren ရဲ့မှိုင်တိုင်တိုင်ဖြစ်နေတဲ့မျက်နှာကလေးက ပြုံးသတက်ပြန်ပြုံးသွားသည်။
Ren တစ်ယောက် အသည်းအသန်နဲ့စာရွက်ပေါ်မှာ သူ့ဖုန်းနံပါတ်အားကတုန်ကယင်နဲ့ရေးနေတော့သည်။

"ရော့ ဒါ ငါ့နံပါတ်။ မင်းအားရင်ဖုန်းဆက်တာပဲဖြစ်ဖြစ်၊ စာပို့တာပဲဖြစ်ဖြစ်ပို့လိုက်ပေါ့ဗျာ။"

"ဝိုး Renကကျွန်တော့်ထက် ၂ နှစ်ကြီးတာတော့မှန်ပါတယ်မလားဗျ။"

"ဟုတ်တယ်လေ။ ဘာထူးဆန်းနေလို့လဲဗျ.."

"မဟုတ်ပါဘူး။ Renကလက်ချောင်းလေးတွေက အင်မတန်မှသေးပြီး လခြမ်းကွေးလေးလိုအရောင်တောက်ပနေလို့ပါဗျ။"

Ren ရဲ့ပါးနှစ်ဖက်ရော၊ နားရွက်တွေရော နီသထက်နီသွားသည်။ ခိုးခိုးပြီးပြုံး ခိုးခိုးပြီးချစ်နေရသလို ချိုမြိန်တဲ့အပြုံးလေးမျိုး Ren ရဲ့မျက်နှာပေါ်တွေမြင်နေရသည်။

"ကယ်.. မင်းသွားစရာရှိတယ်ဆို သွားတော့လေ။ နောက်ကျနေဦးမယ်။"

"ဟုတ်ကဲ့ပါဗျ။ ဒါဆို ကျွန်တော်သွားပါပြီ။"

Renလဲအိမ်ပြန်တဲ့လမ်း၊ ကားပေါ်မှာတစ်ယောက်တည်း တိုးတိုးတိတ်တိတ်စကားပြောနေသည်။

"အာ.. ဒီကလေးနာမည်ကလဲ "Sung" တဲ့လား.. မတရားချစ်ဖို့ကောင်းနေတာပဲ။"

"Mona Lisa တောင်အရှုံးပေးလောက်ရတဲ့ အပြုံးနဲ့ဒီကဟွမ်ရမ်ကျွင့်ကို ရင်ခုန်အောင်လုပ်သွားတာပဲဟ"

ညသန်းခေါင်လောက်.. SungကRenကိုစာတစ်စောင်ပို့လိုက်သည်။

"Ren အိပ်ပြီလားဗျ.."

"ဟင့်အင်း ငါမအိပ်သေးပါဘူး။"

"ဒါဆို မနက်ဖြန်ကျွန်တော်အားတယ်ဗျ။ Renပြောတဲ့စာအုပ်ဆိုင်မှာတွေ့ကြမလားဗျ။"

"ကောင်းတာပေါ့။ တွေ့ကြမယ်လေ။"

"ဟုတ်ပါပြီ။ ဒါဆို ကောင်းသောည.."

"Sungရော ကောင်းသောည.."

တကယ်တော့ Sungကအားတာမဟုတ်ပါဘူး။ သူအလုပ်ရှိပါတယ်။ ရုံးကမန်နေဂျာကိုအတင်းတောင်းပန်ပြီး Renနဲ့တွေ့ချင်လို့ခွင့်ယူထားတာ..

"ဒီအကိုကွာ ငါ့ထက်၂နှစ်ကြီးတယ်ဆိုပြီး လက်ကလေးတွေက ငယ်ငယ်ကငါ့အမေငါ့ကိုထုပ်ပြီးပွေ့တဲ့အနှီးစကလေးလိုပဲ"

"သူ့လက်ပုစိလေးကို အတွေးထဲမြင်ယောင်ရင်း တစ်ခေါက်ထဲကိုင်ဖူးချင်လိုက်တာဟာ.."

TO BE CONTINUED
🌙 9/8/2021..

CreScentWhere stories live. Discover now