ဆဲလဲဆဲ....လူမြင်ရာရိုက်နေတဲ့ ဘဂျမ်းကြောင့် ဝင်းလှိုင်တို့ ပြေးပြီ။
ဘဂျမ်း ဒေါသ သူတို့သိသည်ပဲ။
ထွက်ပြေးတော့လဲ ပြေးထိုးသေးတာပင်။
ဒီကောင်တွေအကျင့်က ဒီလိုပဲ.....ကြောက်ပြတဲ့သူကိုပဲ လုပ်ရဲတာ...သူတို့ကိုမကြောက်တဲ့လူမှန်းသိရင် ပြေးတာပဲ။
ပြီးတော့လူအုပ်စုနဲ့မှ မိုက်ရဲတဲ့ကောင်တွေ...အထင်ကိုမကြီးဘူး။"မှတ်ထား....ခင်ဗျားတို့ဂိတ်ကို ဘယ်တော့မှမလာဘူး.....ပတ်သက်စရာလဲကုန်ပြီ.....အေး....ညံ့ရင်တော့ဆက်ခံလိုက်ကြအုံး....လူလူချင်းကြောက်ပြနေ ခင်ဗျားတို့ခေါင်းပေါ်ချီးတက်ပါလိမ့်မယ်...သတိကြပ်ကြပ်ထား"
ဘဂျမ်း ဂိတ်ကလူတွေကိုရော...ဆိုင်ခန်းထဲကနေ ပြူတစ်တစ်နဲ့ထွက်ကြည့်နေတဲ့သူတွေကိုရော လက်ညှိုးထိုးပြောကာ....လင်းသန့်ကြည်ဆီသွားသည်။
လက်ထဲမှာကောက်ထားတဲ့ပိုက်ဆံတွေကို စုပြီးကိုင်ထားတာ ကျစ်ကျစ်မည်လို့...."သွားမယ်...ဆရာ...ထနိုင်လား"
ဘဂျမ်းငုံ့ကြည့်ရင်း နူးညံ့စွာပြောသည်။
ခုဏ ဘီလူးသရဲစီးနေတာသူမဟုတ်တဲ့အတိုင်း......"ရပါတယ်....ထနိုင်တယ်....ဒါပေမဲ့ ဘဂျမ်းပိုက်ဆံက သုံးသောင်းဆို....နှစ်သောင်းခွဲပဲတွေ့သေးတယ်...ငါးထောင်က ဘယ်ရောက်သွားပြီလဲမသိဘူး"
ဘဂျမ်းကိုမကြည့်ဘူး.....ကျီးကန်းတောင်းမှောက် အနီးအနားဝေ့ဝဲကြည့်ကာ ပိုက်ဆံရှာနေသည်။
တစ်ကိုယ်လုံးလဲ ချွေးတွေ ရွှဲလို့......
မြင်လို့မှမကောင်းတော့..."ရတယ် ဆရာ....ထားလိုက်တော့....ကျွန်တော် လိုက်ပို့မယ်.....လာပါ"
ဘဂျမ်း ချော့ခေါ်တော့ မော့ကြည့်လာတဲ့ မျက်နှာလေး
ပေတလူးပွလို့....ချွေးတွေ ဖုန်တွေသက်ပြင်းကိုချကာ လင်းသန့်ကြည် ထရပ်သည်။
ငါးထောင်ကို ငါပဲစိုက်ပေးလိုက်တော့မယ်ဆိုတဲ့အတွေးနဲ့....
ဘဂျမ်းဒီနေရာကနေ မြန်မြန်သွားလေ ကောင်းလေပဲ။
ဘဂျမ်းဆိုင်ကယ်နဲ့ဆေးရုံကို မောင်းလာခဲ့တော့သည်။"ဆရာ...ဘယ်နားထိသွားတာလဲ....ဘာကိစ္စပြေးဝင်လာတာလဲဆရာရယ်...မတော် ခေါင်းထိတော့ဘယ်လိုလုပ်မလဲ"
ESTÁS LEYENDO
မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေ
Romanceမိုးကုပ်စက်ဝိုင်းနဲ့ ကမ္ဘာမြေကြီး ထိစပ်သွားသလိုထင်ခဲ့မိတဲ့ အချိန် ကလေးတိုင်းမှာရှိခဲ့ဖူးပါတယ်။ ဘယ်တော့မှ မထိစပ် မဆုံတွေ့ဘူးဆိုတာ သိနေတဲ့အရွယ်ရောက်သည့်တိုင်အောင် ကျွန်တော် မိုးကုပ်စက်ဝိုင်းနဲ့ကမ္ဘာမြေကြီး ဆုံတွေ့ပါစေလို့ ဆုတောင်းမိဆဲ....
part(25)
Comenzar desde el principio