ဘဂျမ်း ဝင်းလှိုင်ကို မုန်းတီးသောအကြည့် ရွံရှာသောအကြည့်နဲ့ကြည့်ကာ ပြသနာကိုအဆုံးသတ်ဖို့ပဲ လုပ်ရတော့သည်။မလုပ်လို့လဲမရ....ဒီမှာ တစ်ယောက်က ပြောလို့ဆိုလို့မရ....ဆွဲထားတာကိုမလွှတ်ပေးဘူးလေ။

ဝင်းလှိုင် ဘာမမပြော....အိတ်ထဲမှပိုက်ဆံ သုံးသောင်းကို ဘဂျမ်းဆီပစ်ပေးသည်။
ပိုက်ဆံတွေက လမ်းမပေါ်ကျသွားတော့သည်။
ဘဂျမ်း မျက်နှာ မဲမှောင်သွားတော့သည်။
ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူတောင်းစားဖြစ်စရာလား...

ဘဂျမ်းက ဝင်းလှိုင်ကို ကြည့်နေတုန်းရှိသေးသည်။
လင်းသန့်ကြည် ဘဂျမ်းကို လွှတ်လိုက်ကာ လမ်းမပေါ်ကပိုက်ဆံတွေကို ကုန်းကောက်တော့သည်။
ထိုမြင်ကွင်းသည်ဘဂျမ်းသွေးကိုပိုပြီး ပွက်ပွက်ဆူစေတော့သည်။

"ဟာ.......ကွာ......ငါ့လချီးတဲ့မှ"

ဘဂျမ်း ဝင်းလှိုင်ဆီသို့ တည့်တည့်ပြေးကာ ထိုးချလိုက်သည်။
ဝင်းလှိုင် ရှောင်သော်လည်း မလွတ်။
ဝင်းလှိုင်လူတွေနဲ့ ဘဂျမ်း လုံးထွေးသွားတော့သည်။

"အမ် မ လေး ဘဂျမ်း  တော်ပါပြီဆို မတော်သေးဘူးလား"

အော်သံနှင့်အတူ လုံးထွေးနေသည့်လူတွေကြားထဲ ပြေးဝင်လာသည့် လင်းသန့်ကြည်....
ဘဂျမ်း ရှေ့ကိုသဲကြီးမဲကြီးထိုးနေတုန်း နောက်ကတစ်ယောက်က ဘဂျမ်းခေါင်းကို တုတ်ပိုင်းနှင့်ရွယ်သည်။
ဘာမပြော ညာမပြော လင်းသန့်ကြည်က ဘဂျမ်းကို ကာပြီးအုပ်ထားလိုက်တော့.....ထို တုတ်ချက် တစ်ချက်သည် လင်းသန့်ကြည် ကျောပေါ်ရောက်သွားတော့သည်။
ရိုက်တဲ့လူလဲ ကြောင်သွား.....​ေ​ဘးကလူတွေလဲ ကြောင်သွားတော့သည်။
အမှုတော့ ကြီးပြီထင်ပါသည်။

ဟုတ်တယ်.....အမှုက တကယ်ကို ကြီးသွားတာ...
လင်းသန့်ကြည်ရဲ့ နာကျင်မှုကြောင့် ရှုံ့မဲ့နေတဲ့မျက်နှာ.....နာကျင်မှုကြောင့်ပင် မျက်လုံးကြည်လေးထဲဝိုင်းနေတဲ့မျက်ရည်တွေ....ရုပ်ပျက်ဆင်းပျက်နဲ့ ကွန်ကရစ်လမ်းပေါ်ထိုင်ကာ ဘဂျမ်းကိုပဲကြည့်နေတဲ့မျက်နှာလေးကြောင့် ဘဂျမ်းတစ်ယောက်ထိန်းမရတော့။ ကိုယ့်အသားနာတာထက်ကို ရင်ထဲကပိုနာသလိုပါ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေHikayelerin yaşadığı yer. Şimdi keşfedin