Part-21🚨🚨

560 22 3
                                        

**Telephone💚❤**

~Part-21~🚨🚨🚨

ဟောက်ရွှမ်းနဲ့အတူနေလာခဲ့တာ.၂ပတ်ကျော်ပြီး အနေနိီးတော့မှ.သိရတယ် ဟောက်ရွှမ်းကအရမ်းကို အားငယ်တတ်တယ်..ကြုံခဲ့ရတဲ့မိသားစုပြသနာကြောင့်ဖြစ်မည်  ပြီးတော့အရမ်းလည်းနုနယ်တယ်

ခုတောင် အိပ်မက်ဆိုးတွေမက်ပြီး အဖျားတက်နေလေရဲ့ အိပ်မက်ယောင်နေသလို.အဖျားတွေလည်းဆက်တိုက်တက်နေသည်မို့ ကျွန်တော် ရေပတ်တွေသုတ်ပေးနေရတယ်

ကျွန်တော့်ကိုယ်ကျွန်တော်ကလွဲရင် ပထမဆုံး..တစ်ပါးသူကိုဂရုစိုက်ခြင်းပင်.. ဘယ်လိုဖြစ်ဖြစ်ကျေနပ်ပါတယ် ကျွန်တော့်ပထမဦးဆုံး လုပ်ပေးသမျှ ကျွန်တော်ချစ်ရတဲ့ ဒီလူသားလေးအတွက်ပဲမလား..

ရေပတ်လည်းသုတ်ပီးလို့ ကျွန်တော်အိပ်မလို့ကြံတုန်း ချမ်းတယ်ဆိုပြီးတုန်တက်လာသည့်ဟောက်ရွှမ်းး

" ချမ်းတယ်...ချမ်းတယ်.."

" ဟင် ဟောက်ရွှမ်း.. "

ဘယ်လိုလုပ် ရမလဲ..စောင်ကြီးနှစ်ထပ်တောင် ပတ်ထားတာ.တောင်အချမ်းမပြေဘူးတဲ့...

သြော်အသားချင်းထိတွေ့ရင် နွေးတယ်လို့ကြားဖူးတယ်. ဘာ်လိုပဲဖြစ်ဖြစ် ဟောက်ရွှမ်းသက်သာဖို့အရေးကြီးတယ်

ရှင်းချန် ကြံရာမရသည့်အဆုံး အကျီတွေချွတ်ပစ်ကာ ဟောက်ရွှမ်းကိုယ်နှင့်ပူး၍ စောင်အတူခြုံပစ်လိုက်သည်

ဓာတ်လိုက်သလိုကျင်တက်သွားသည့်ခံစားချက်နှင့်အတူ ရင်လည်းအရမ်းခုန်မိသည် ဒါပထမဆုံးဟောက်ရွှမ်းနဲ့ နီးစပ်သည့် skin ship မို့ ရင်မခုန်ပဲနေမလားလေ

တုန်ချမ်းနေသည့်ဟောက်ရွှမ်းမှာ ရှင်းချန်ကို တင်းကြပ်စွာဖက်ထားရင်း တစ်အောင့်အကြာတော့မှငြိမ်ကျသွားကာ အိပ်မောကျသွားလေ၏ ထိုအချိန်မှသာ.ရှင်းချန် လည်း.စိတ်အေးလက်အေးအိပ်ပစ်လိုက်သည်

မနက် ၄နာရီ လောက်ရှိမည် ပူသည်ဟူခံစားရသဖြင့်ဟောက်ရွှမ်းနိုးလာခဲ့သည် အောင့်နေတဲ့လက်မောင်းတစ်ဖက်ကြောင့် ငုတ်ကြည့်လိုက်တော့ရှင်းချန်ကောကိုတင်းနေအောင်ဖက်ထားမိသည်ကိုသတိထားလိုက်မိသည်

Telephone 💚❤ (Uni+Zawgyu)  ongoingWhere stories live. Discover now