unicode
" မေ့လိုက်တော့...အ... ဒ-ဒါတွေကအိမ်မက်တွေပါ....အဟွတ်....နိုးထလိုက်ပါတော့..."
ရင်ခွင်ထဲက သွေးသံရဲရဲနှင့်ကောင်လေးကိုတင်းကျပ်စွာဖက်ထားရင်း အသိစိတ်မရှိတဲ့လူတစ်ယောက်လို အော်ငိုနေမိသည် ။ ဘာလို့လဲ....ပေါင်းဖက်ခွင့်...တစ်ဘဝလုံးစာလက်တွဲခွင့်ပေးဖို့ စိတ်ကူးမရှိခဲ့ဘူးဆိုရင် အစထဲကဘာလို့ ဆုံတွေ့ခွင့်ရအောင် ဖန်တီးပေးခဲ့တာလဲ ။ ခင်ဗျားကိုတကယ်စိတ်နာတယ် ကံကြမ္မာရယ်...။
တဖြည်းဖြည်းနဲ့ရင်ခွင်ထဲက ကောင်ငယ်လေးကငြိမ်သက်လာသည် ။ မဖြစ်ဘူး....ထားသွားလို့မဖြစ်ဘူး ။ မရဘူးနော်..။ အချစ်ကမင်းဖြစ်လာပြီလေကွာ...။ မင်းမှမင်း ဖြစ်အောင်ကိုစွဲလမ်းနေပြီလေ...။ အခုမှ ဘာလို့ ကိုယ့်ခံစားချက်တွေကို လစ်လျူရှုပြီး ထွက်သွားဖို့လုပ်နေရတာလဲ ။
မင်းပဲပြောခဲ့တာလေ... " ခင်ဗျား ကိုအသက်လောက်ချစ်တယ်...ဘယ်တော့မှထားမသွားဘူး " ဆို...။ အခုမှဘာလို့ သစ္စာဖောက်ချင်နေပြန်တာလဲ ။
" မေ့လိုက်တော့နော်....အင့်.... နောက်ဘဝဆိုတာရှိလာမှာလည်းမဟုတ်တော့တာမို့...အဟွတ်... စောင့်မနေနဲ့တော့နော်....အ့....တစ်ခုတော့သိထားပေးပါ.... အရမ်း....အင့်...အရမ်းချစ်တယ်..."
" ဟင့်အင်း....ဟင့်အင်း....ဟင့်အင်း..."
တစ်တေတာက်ေတာက်ကျေနတဲ့ ေသွးနီနီတွေနှင့်ရောထွေးစွာ တသိမ့်သိမ့်တုန်နေတဲ့ ကိုယ်လေးကိုလွတ်ထွက်သွားမတက် တင်းကျပ်နေအောင်ဖက်ထားပြီး ခေါင်းကိုအတွင်တွင်ခါနေမိသည် ။ လက်မခံချင်ဘူး...ဟင့်အင်း...လက်မခံတာ ။ ဒီလောက်လက်မခံဘူး ငြင်းနေသည့် တိုင်အောင် ရင်ခွင်ထဲကကိုယ်ငယ်လေးက တဖြည်းဖြည်းအရောင်မှိန်လာသည်။ ထို့နောက် ပြာမှုန့်များအဖြစ်ပြောင်းလဲသွားကာ လေတချက်အတိုက်မှာ ထိုပြာမှုန့်များက လေစီးကြောင်းနှင့်အတူ မဲမှောင်ညစ်ထွေးနေသော တိမ်များ၏အထက်ကောင်းကင်ယံသို့လွင့်ပျံတက်သွားသည် ။
အရူးတစ်ယောက်ကဲ့သို့ ဂယောင်ခြောက်ခြားနှင့် နေရာအနှံ့သို့ပျားပန်းခက် ပျံ့နှံ့သွားသည့် ပြာမှုန့်များကိုလက်နဲ့လိုက်ဖမ်းနေမိသည် ။ အသားကုန် ဖိကိုက်ထားသောကြောင့် နီရဲနေသည့်နှုတ်ခမ်းများကလဲ စကားတစ်ခွန်းကိုသာအကြိမ်ကြိမ် ရွတ်အော်ေနသည် ။
" မသွားပါနဲ့.... ပြန်လာခဲ့ပါ.... မသွားနဲ့....ကိုယ်ခေါ်နေတယ်နော် မသွားနဲ့လို့...!! ပြန်လာခဲ့......!! "
zawgyi
" ေမ့လိုက္ေတာ့...အ... ဒ-ဒါေတြကအိမ္မက္ေတြပါ....အဟြတ္....နိုးထလိုက္ပါေတာ့..."
ရင္ခြင္ထဲက ေသြးသံရဲရဲႏွင့္ေကာင္ေလးကိုတင္းက်ပ္စြာဖက္ထားရင္း အသိစိတ္မရွိတဲ့လူတစ္ေယာက္လို ေအာ္ငိုေနမိသည္ ။ ဘာလို႔လဲ....ေပါင္းဖက္ခြင့္...တစ္ဘဝလုံးစာလက္တြဲခြင့္ေပးဖို႔ စိတ္ကူးမရွိခဲ့ဘူးဆိုရင္ အစထဲကဘာလို႔ ဆုံေတြ႕ခြင့္ရေအာင္ ဖန္တီးေပးခဲ့တာလဲ ။ ခင္ဗ်ားကိုတကယ္စိတ္နာတယ္ ကံၾကမၼာရယ္...။
တျဖည္းျဖည္းနဲ႕ရင္ခြင္ထဲက ေကာင္ငယ္ေလးကၿငိမ္သက္လာသည္ ။ မျဖစ္ဘူး....ထားသြားလို႔မျဖစ္ဘူး ။ မရဘူးေနာ္..။ အခ်စ္ကမင္းျဖစ္လာၿပီေလကြာ...။ မင္းမွမင္း ျဖစ္ေအာင္ကိုစြဲလမ္းေနၿပီေလ...။ အခုမွ ဘာလို႔ ကိုယ့္ခံစားခ်က္ေတြကို လစ္လ်ဴရႈၿပီး ထြက္သြားဖို႔လုပ္ေနရတာလဲ ။
မင္းပဲေျပာခဲ့တာေလ... " ခင္ဗ်ား ကိုအသက္ေလာက္ခ်စ္တယ္...ဘယ္ေတာ့မွထားမသြားဘူး " ဆို...။ အခုမွဘာလို႔ သစၥာေဖာက္ခ်င္ေနျပန္တာလဲ ။
" ေမ့လိုက္ေတာ့ေနာ္....အင့္.... ေနာက္ဘဝဆိုတာရွိလာမွာလည္းမဟုတ္ေတာ့တာမို႔...အဟြတ္... ေစာင့္မေနနဲ႕ေတာ့ေနာ္....အ့....တစ္ခုေတာ့သိထားေပးပါ.... အရမ္း....အင့္...အရမ္းခ်စ္တယ္..."
" ဟင့္အင္း....ဟင့္အင္း....ဟင့္အင္း..."
တစ္တေတာက္ေတာက္က်ေနတဲ့ ေသြးနီနီေတြႏွင့္ေရာေထြးစြာ တသိမ့္သိမ့္တုန္ေနတဲ့ ကိုယ္ေလးကိုလြတ္ထြက္သြားမတက္ တင္းက်ပ္ေနေအာင္ဖက္ထားၿပီး ေခါင္းကိုအတြင္တြင္ခါေနမိသည္ ။ လက္မခံခ်င္ဘူး...ဟင့္အင္း...လက္မခံတာ ။ ဒီေလာက္လက္မခံဘူး ျငင္းေနသည့္ တိုင္ေအာင္ ရင္ခြင္ထဲကကိုယ္ငယ္ေလးက တျဖည္းျဖည္းအေရာင္မွိန္လာသည္။ ထို႔ေနာက္ ျပာမႈန႔္မ်ားအျဖစ္ေျပာင္းလဲသြားကာ ေလတခ်က္အတိုက္မွာ ထိုျပာမႈန႔္မ်ားက ေလစီးေၾကာင္းႏွင့္အတူ မဲေမွာင္ညစ္ေထြးေနေသာ တိမ္မ်ား၏အထက္ေကာင္းကင္ယံသို႔လြင့္ပ်ံတက္သြားသည္ ။
အ႐ူးတစ္ေယာက္ကဲ့သို႔ ဂေယာင္ေျခာက္ျခားႏွင့္ ေနရာအႏွံ႕သို႔ပ်ားပန္းခက္ ပ်ံ့ႏွံ႕သြားသည့္ ျပာမႈန႔္မ်ားကိုလက္နဲ႕လိုက္ဖမ္းေနမိသည္ ။ အသားကုန္ ဖိကိုက္ထားေသာေၾကာင့္ နီရဲေနသည့္ႏႈတ္ခမ္းမ်ားကလဲ စကားတစ္ခြန္းကိုသာအႀကိမ္ႀကိမ္ ႐ြတ္ေအာ္ေနသည္ ။
" မသြားပါနဲ႕.... ျပန္လာခဲ့ပါ.... မသြားနဲ႕....ကိုယ္ေခၚေနတယ္ေနာ္ မသြားနဲ႕လို႔...!! ျပန္လာခဲ့......!! "
YOU ARE READING
D£STINY | jayhoon |
Fanfiction* don't love me....., you will hurt about that...; sunghoonxjay
