အပိုင်း (၁၈)

ابدأ من البداية
                                    

"ကောင်း ဘာမေးမို့လဲ မေးလေ..."

ပက်လက်အနေအထားကနေ ကောင်းဆီကို မော့ကြည့်တဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေ....
"မနက်ဖြန် ၁၀နာရီလောက် ကျွန်တော်သွားစရာရှိလို့ အကွေးလိုက်ချင်လား မေးမလို့ပါ"

"ဘောလုံး သွားကန်မို့လား"

"အင်း.."

"မလိုက်တော့ပါဘူး၊ ငါ ထမင်းချက်ထားပေးမယ်လေ။နေ့တိုင်း ကောင်းပဲချက်နေရတာဆိုတော့ မနက်ဖြန် ငါချက်ထားပေးမယ်"

"တကယ်ပြောတာနော်..."

"ငါ့ကိုသာ ယုံလိုက်ပါ။" ဆိုပြီး မျက်စိတစ်ဖက် မှိတ်ပြတော့ ကောင်းမှာ ရင်ခုန်သံတွေဝုန်းဒိုင်းကြဲကုန်၏။

သူမလေးက တော့ ဘာမှဖြစ်ဟန်မတူပါ။ပုံမှန်အတိုင်းလေးပဲ ငြိမ်သက်သွားတဲ့ ဒီအနေအထားမှာ မျက်တောင်လေးတွေ ဆင်းပြီး အိပ်ပျော်သွားသည်။ကောင်းမှာတော့ မထိရက်မကိုင်ရက်နဲ့ ညတစ်ဝက်ကျော်လောက်အထိ သူမလေးရဲ့ မျက်နှာရှင်းရှင်းကို အကြောင်းပြချက်မရှိပဲ ငေးနေမိသည်။

__________________

"စိတ်ချလို့ရရဲ့လားဗျာ။
မဟုတ်ရင်လည်း ထားလိုက်ပါ
၁၂မထိုးခင် ကျွန်တော်ပြန်ရောက်မှာပဲ
အဲ့ကျမှပဲ ချက်လိုက်မယ်၊ အကွေး ဆာနေရင်တော့ မုန့်စားထားလို့ရတာပဲ"

"ကောင်းဆာနေရင်ရော...."

ပါးစပ်ထဲက ပေါင်မုန်ကို မဝါးရသေးပဲ ပြန်ဖြေသည်မို့ ကောင်းမှာ စိုးရိမ်တကြီးနဲ့ပဲ....
"ဝါးပြီးမှ ပြောလည်းရတာကို အကွေးရာ"

ဒီလိုဆိုတော့လည်း သူမလေးက ပါးစပ်ထဲက ပေါင်မုန့်ကို အရင်ဝါးသည်။ပြီးမှ နွားနို့ခွက်ကို မော့သောက်ကာ ကောင်းကိုကြည့်သည်။

"နောက်တစ်ခါကျရင် သကြားသုံးဇွန်းထည့်ပေးလို့ရမလားဟင်...."

"အခုလည်း ထည့်ထားတာပဲ မချိုပြန်ဘူးလား"

"ဒါဆိုလည်း အဆစ်အနေနဲ့ နောက်ထပ်ဇွန်းတစ်ဝက်လောက်ထည့် ပေးပါလား "

နွားနို့ထဲကို သကြားထည့်မသောက်တတ်တဲ့ကောင်းနဲ့ သကြားအဆစ်တောင်းနေတဲ့ အကွေးတို့နှစ်ယောက်ဟာ မနက်ခင်းလေးမှာလည်း သကြားနဲ့ ပက်သတ်ပြီး ကြည်နူးစရာအချိန်လေးတွေ ရှိခဲ့ကြသည်။ ဘာကြောင့်လဲလို့ မေးရင် ချစ်စရာကောင်းအောင် သကြားအပိုတောင်းတတ်တဲ့ ကျွန်တော့်လခြမ်းကွေးကြောင့် ပေါ့ဗျာ။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)حيث تعيش القصص. اكتشف الآن