အပိုင်း၁၁

Start from the beginning
                                    

"မထူနုရွ

နှုတ်ခမ်းလှချင့်

သွယ်လျခြေစုံ

မယ်မင်းဘုံကို

မြင်ရုံနှင့်ပင်  

စိတ်ကကြင်သည်

နတ်တို့ပြည်မှ

ကြွေသည်လော"

ဟူ၍ စာချိုးတစ်ခုသည်လည်း အပျော်မင်သော ပုရိသများအကြား၌ တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဟိုးလေးတကျော်ကျော် ဖြစ်နေသေးသည်။ ဝေဠုကတော့ ယောက်ျားသောမိန်းမသော ဝေဖန်သည်များကို ဂရုမစိုက်ပါ။ အဓိကက သူ့စီးပွားရေးကောင်းဖို့သာ ဖြစ်သည်။ သူကရှင်းသည် ၊ အသပြာ ကြေးမြင့်ပေးသူကို အသုံးတော်ခံမည်။ လူ့ငမွဲများကို အနားပင်ကပ်မခံ။

"ကိုရင်‌ဝေဠုပါမှ ငှားရမ်းမယ်လို့ ပြောပါတယ်။ အဘယ်လို လုပ်ရမတုံး"

ဝေဠုက အိပ်မောကျနေသည့် ဒီယုဂါကို တစ်ချက်ကြည့်သည်။ ထိုလူဆိုးလူသွမ်းကလေးကို တစ်ယောက်တည်း ချန်ရစ်ခဲ့ဖို့လည်း စိတ်မလုံပေ။ သူက သည်တစ်ညတာလုံးကို ဝယ်ထားပြီးပြီမဟုတ်ပါလား။

"ကျုပ်အနေနဲ့ ကိုရင့်ကို လိုက်စေလိုပါတယ်။ မြောက်တံခါးနားက လျှို့ဝှက်အိမ်ပေမို့ အရာရှိများ ဖြစ်မှာပါ"

"အဲ့သလိုဆိုရင် ကျုပ်ကို ဒီည ရွှေတစ်ကျပ်သားနဲ့ ငှားရမ်းထားပြီးပြီလို့ သွားပြောချေ။ နှစ်ဆပေးချေမယ်ဆို ကျုပ်လိုက်မယ်"

"ကောင်းပါပြီ"

လုံမပျိုက ခေါင်းညိတ်လျက် ထွက်သွားသည်။ ဝေဠုက ဒီယုဂါအနားသို့ အသာတိုးကပ်လာ၏။ ဒီယုဂါက ကြိမ်ခေါင်းအုံးနှင့်အသားမကျ၍ပဲလား မူးဝေသည်ကြောင့်လားမသိ မျက်ခုံးအစုံတွန့်ချိုးကာ တစ်ချက်တစ်ချက် ညည်းညူသည်။ ဒီယုဂါကိုငုံ့မိုးကြည့်နေစဉ် အပြင်ဘက်မှ တံခါးခေါက်လာ၏။

"ကိုရင်…"

"ပြော…"

"ရွှေနှစ်ကျပ်သား ပေးပါ့မယ်တဲ့"

"အဲ့သလိုဆိုလည်း မျက်နှာချေမှုန့်နဲ့ ကျုပ် အလှအပလက်ဝတ်ရတနာများ ယူလာချေ"

မြတ်နိုးရိပ်ဋီကာ (Uni, Zawgyi)Where stories live. Discover now