အခန်း (၄၆)

Start from the beginning
                                    

"ဖေ့ကျင်း ဘာမှ မဖြစ်ပါဘူး" ရန်ရှီးနဉ် ပြောလိုက်သည်။ "ရှင် ဘာမှ တွေးမနေပါနဲ့တော့၊ ရှင့်မှာ ရှင့်ရဲ့ ခြင်္သေ့မလေးရယ်၊ ခြင်္သေ့ပေါက်စလေးရယ် ရှင်နဲ့အတူ ရှိနေပြီလေ"

ဖေ့ကျင်းတစ်ယောက် ချောက်နက်ကြီးထဲ ပြုတ်ကျရသည့်ပမာ ခံစားနေမိသည်။ သို့သော် ရန်ရှီးနဉ်က သူ့ကို ပွေ့ဖက်လာသည်။ နမ်းရှုံလာသည်။ သူ့အား အမှောင်ထုချောက်နက်ကြီးထဲမှ ကယ်ဆယ်ခဲ့သည်။ သူမလည်တိုင်ကြား သူ တိုးဝှေ့လျက် သူမ၏ နွေးထွေးမှုကလေးကို အငမ်းမရ ခိုးယူမိချေသည်။

ဖခင်က ငယ်စဉ်ကတည်းက ဖေ့ကျင်းအပေါ် အေးစက်ခဲ့သည်။ နန်းတော်တွင်း၌ ချန်မိဖုရားတစ်ယောက်သာ ဖေ့ကျင်းအပေါိ နွေးထွေးမှု ပေးခဲ့၏။ ဖေ့ကျင်း အသက် ၁၂ နှစ်၊ ချန်မိဖုရား ကွယ်လွန်တော့ သူ့ဝန်းကျင်ကမ္ဘာငယ်တစ်ခုလုံး မှောင်အတိကျသွားသကဲ့သို့ပင်။ နောက်တော့ သူ့ဆရာက သူ့ကို နန်းတော်တွင်းမှ ခေါ်ထုတ်ကာ ရွှမ်းချင်းသို့ ခေါ်လာခဲ့လေသည်။ ရွှမ်းချင်းမှာ၊ သူ့ဘဝ အမှောင်မိုက်ဆုံးအချိန်၌ သူ့နှလုံးသား လှိုဏ်ခေါင်းနက်ထဲမှ တဆင့် သူ့ဘဝထဲသို့ ကလေးမငယ်တစ်ဦး လျှောက်လှမ်းဝင်လာခဲ့လေ၏။

ရန်ရှီးနဉ်နှင့် ပထမဆုံး တွေ့ဆုံချိန်ကို ဖေ့ကျင်း ပြတ်ပြတ်ထင်ထင် မှတ်မိပါသေးသည်။ သူမ ဆံပင်က ဖိုသီဖတ်သီ၊ မျက်ဝန်းညိုနက်နက်၊ အဝတ်အစား ပေပွပွနှင့် လက်ဖောင်းဖောင်းကလေးများ။ နုံအအ ကလေးမလေးသာဖြစ်သော်လည်း အရာရာ သူ သိ သူ တတ်၊ သူ လုပ်နိုင်သည့်ပမာ ပြုမူတတ်လေသည်။ သူ သူမကို ကျီစယ်စနောက်နေသည်ကို သိသွားလျှင်တော့ သူမ၏ ပါးလေးနှစ်ဖက်က ခြင်္သေ့လည်ဆံမွေးပမာ ဖောင်းကားလာတတ်၏။ သူ့ကိုယ်ပေါ် ခုန်အုပ်ပြီး ကိုက်ပစ်လိုက်ချင်သည့်အလား မျက်လုံးလေးများ အပြူးသားဖြင့် ကြည့်တတ်သေး။ ထိုစဉ် အချိန်ခဏတွင်တော့၊ သူမသည် ရန်စခံရသော ခြင်္သေ့ကလေးနှင့် တူလှသည်ဟု သူ တွေးမိသွားသည်. . . သူ့ခြင်္သေ့ကလေး။ သူမ ရွှမ်းချင်းမှာ ရှိနေသည်ဖြစ်စေ၊ ရွှေမြို့တော်၌ သိမ်မွေ့နူးညံ့သော သခင်မလေး ဟန်ဆောင်နေသည် ဖြစ်စေ၊ သူမသည် သူ၏ ခြင်္သေ့ကလေး ဖြစ်နေဆဲ။ သူ့နှလုံးသားက ဆန္ဒအလျောက် သူမအပေါ် နက်နက်ရှိုင်းရှိုင်း မေတ္တာရှိမိသည်။ 

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now