အခန်း (၄၆)

Start from the beginning
                                    

မင်းသမီးခန်းဟွာနှင့် မိဖုရားခေါင်ကြီးနောက်ကွယ်၌ သူမကို သတ်ချင်နေသေးသည့် နောက်ထပ်အင်အားစု ရှိနေမည်ကို မယုံနိုင်ပေ။

ဖေ့ကျင်း ရန်ရှီးနဉ် လက်ကို ကိုင်ထားလိုက်သည်။ သို့သော် သူ့မျက်လုံးများကတော့ ရဲလာလေသည်။ သူမကို မည်သူကများ သတ်ချင်နေမလဲ သူ စဉ်းစားနေတော့၏။

ခန်းဟွာမင်းသမီးက ရန်ရှီးနဉ်ကို သတ်ရန် ကြိုးစားခဲ့ခြင်း မဟုတ်လျှင် မိဖုရားချန်ကို သတ်သူမှာ မိဖုရားခေါင်ကြီး မဟုတ်လောက်ဟု ဖေ့ကျင်း တွေးမိလိုက်သည်။ သို့သော် ပေ့သို အပြောအရ ဖူကွေ့မှာ ရှားပါးပြီး ထုတ်လုပ်ရခက်ခဲသော အဆိပ်ဖြစ်သောကြောင့် သာမန်လူတို့ လက်ထဲတွင် မရှိနိုင်။

ဖေ့ကျင်း ရင်ထဲ မွန်းကြပ်ရ၏။ သူ တစ်ချိန်လုံး လူမှားပြီး သံသယဝင်နေမိသည်လား။ မည်သူက ဤမျှ ရက်စက်နိုင်၍ သူ့ကို နှစ်ပေါင်းများစွာ နာကျင်ခံစားနေစေတာလဲ။ အနှီ အသည်းနှလုံးမဲ့ ရက်စက်သူမှာ ဖခမည်းတော်များလားဟု သူ တွေးမိတော့ ကျောအေးသွားမိလေသည်။

"အစ်ကိုကြီး ဘာတွေ စဉ်းစားနေတာလဲ" ရန်ရှီးနဉ် မေးလာသည်။

"မိဖုရားချန်ကို သတ်ခဲ့ပြီး၊ မင်းကို သတ်ဖို့ ကြံစည်နေတာဟာ ဖခမည်းတော်ဖြစ်နိုင်တယ်လို့ စဉ်းစားနေတာ" ဖေ့ကျင်းက ပြန်ဖြေသည်။

ရန်ရှီးနဉ် ဖေ့ကျင်းအတွက် စိတ်မကောင်း။ သူ ဤမျှ ဝမ်းနည်းနေသည်ကို သူမ တစ်ခါမှ မတွေ့ဖူးခဲ့ချေ။ မင်းကြီးက ဖေ့ကျင်းအပေါ် အေးတိအေးစက်နိုင်လှသည်ကိုတော့ သူမ သိသည်။ သို့သော် သူမကို အဆိပ်ခတ်ခိုင်းသူမှာ အမှန်တကယ်ပင် မင်းကြီးဖြစ်ပါက၊ မင်းကြီးသည် ဖေ့ကျင်း၏ ကြင်ယာရော ရင်သွေးကိုပါ ဆုံးရှုံးစေလိုသူပင်တည်း။ မင်းကြီးမှာ ဖေ့ကျင်းအပေါ် အမုန်းကြီး မုန်းနေ၍ပင် ဖြစ်တော့မည်။

ဖေ့ကျင်းသည် မင်းကြီးထံမှ တစ်စုံတစ်ခု ရလိုရငြား ယှဉ်ခြင်းလည်း မရှိခဲ့၊ တောင်းဆိုခြင်းလည်း မရှိဖူးခဲ့ပေ။ မင်းကြီးသာ နောက်ကွယ်က လူမှန်ပါလျှင် မင်းကြီးသည် ဖေ့ကျင်းအား ဓားဖြင့် အစိတ်စိတ်ဖြစ်အောင် လှီးဖြတ်နေသည်နှင့် မခြားတော့။ ရန်ရှီးနဉ် ရင်ဘတ်ဒဏ်ရာရထားသည်ကို မမှုတော့ပဲ ထထိုင်လိုက်ကာ ဖေ့ကျင်းကို ပွေ့ဖက် နမ်းရှုံ့လိုက်တော့၏။

ဉာဏ်များလွန်းသော ခင်ပွန်းသည်Where stories live. Discover now