' .... '

' ကျွန်တော့်အတွက် ပျော်ရွှင်မှုဆိုတာက အ​ဝေးကြီးရှာ​နေစရာမလိုခဲ့ဖူး
အကို့ မျက်နှာ​လေးကို မြင်​နေရရင်ကို ဒီက​ကောင်ကြီးက အ​ပျော်​တွေပြည့်​နေခဲ့တာ
💙ပျော်ရွှင်ရတယ် ဆိုတာကို အကိုနဲ့တွေ့တဲ့အချိန်ကမှ စပြီး​တော့ ခံစားရတာမို့ ကျွန်တော့်ကို ထားမသွားပါနဲ့​နော် 💙  '

မတည်နိုင်မယ့် ကတိ​တွေနဲ့ မင်းကို ငါ​မျှော်လင့်ချက် မ​ပေးချင်ဖူး Mean ...

မ​​ရောက်တာကြာပြီဖြစ်တဲ့ မြို့​ပေါ်ပြန်​ရောက်လာ​တော့ အရာရာက မ​ပြောင်းလဲပဲရှိ​နေ​ပေမယ့်လည်း စိတ်ထဲမှာ ခံစားချက်က တစ်မျိုးပဲ ... ဘေးနားမှာ သူရှိ​နေတယ်လို့ တွေးလိုက်ရင် ခံစားချက်က ပိုပြီး​​တော့ ထူးဆန်းသွားတယ်....

' အကို ဘယ်ကိုအရင်သွားချင်လဲ ဟင် '

' အင်း.... ရုပ်ရှင်သွားကြည့်ရ​အောင် '

' အကို့ သ​ဘောပါဗျာ '

မ​ရောက်ဖြစ်တာ ၄ နှစ်​လောက်ကြာပြီဖြစ်တဲ့ ရုပ်ရှင်ရုံ .. အရင်က​တော့  သူငယ်ချင်း​တွေနဲ့ လာခဲ့ဖူး​ပေမယ့် အခု​တော့ အကုန်လုံးနဲ့ အဆက်အသွယ်ပြတ်​နေခဲ့တာကြာခဲ့ပါပြီ ...

' အကို လတ်မှတ်ရလာပြီ ဝင်ရ​အောင် '

' အင်း... '

' အကို ဒီမှာ​ရေးထားတာက ဘယ်မှာ ထိုင်ရမှာလဲ '

' ဒီမှာ​လေကွာ မင်းကလည်း ခုံ​တောင် မရှာတက်ဖူးလား '

' ကျွန်​တော်မှ ဒီလို​နေရာ​တွေ မလာဖူးတာ အကိုရဲ့ ဘယ်လိုလုပ်ရှာတက်မှာလဲ '
' မဖြစ်နိုင်တာ မလာဖူးရ​အောင် မင်းမှာ သူငယ်ချင်းမရှိဖူးလား '

' အင်း တစ်​ယောက်မှ မရှိခဲ့ဖူး '

' ..... '

သူ ပြန်​ဖြေလိုက်တဲ့ စကား​ကြောင့် ကျွန်​တော် အားနာမိတယ်... သူ့ရဲ့ စိတ်ဒဏ်ရာဟောင်း​တွေကို ကျွန်​တော်ပြန်တူးဆွ​နေမိပြီး သူ့ကို နာကျင်​​စေမိ​နေတာလား ....

' ထိုင်​လေ အကိုရဲ့ ဘာလို့ မတ်တပ်ရပ်​နေတာလဲ  '

' အော်..အင်း.... '

🔥P.S.Y.C.H.O🔥Where stories live. Discover now