ရှည်လျားထွေပြါးလှသော ထိုစကားကိုပြောကာ လင်းသန့်ကြည်ဆီကို အထုတ်လေးလှမ်းပေးသည်။

"အော်...ဟုတ်လား...အားနာစရာကြီး....ကြိုက်တယ်..အရမ်းကြိုက်တယ်....ကျွန်တော်ပုစွန်အရမ်းကြိုက်တယ်...ကျေးဇူးတင်ပါတယ် ဘဂျမ်း..ကျေးဇူးနော်"

လင်းသန့်ကြည်တကယ်ပင် ပုစွန်ကြိုက်ပါသည်။ ကိုယ်တိုင်လဲ မြစ်ဝကျွန်းပေါ်သားဖြစ်ခဲ့သည်လေ။ အိမ်မှာဆို အမေရောအဖွားရောက လင်းသန့်ကြည်ကို ပုစွန်ပေါ်ချိန်ဆိုရင် ပိဿလိုက်တောင်ဝယ်ပြီး မကုန်မချင်းစားခိုင်းတာ။

လင်းသန့်ကြည် ကြိုက်တယ်လဲပြောရော...ဘဂျမ်းမျက်နှာ ဟန်မဆောင်နိုင်လောက်အောင်ပင် ပျားရည်ဆမ်းတဲ့မျက်နှာဖြစ်သွားပြီး....

"အဟင်း...ဆရာ ကြိုက်လို့တော်သေးတယ်....ရေချိုပုစွန်ဆိုတော့လေ...အရမ်းကောင်းတယ်...စားနော် ဆရာ....ဒါဆို....ကျွန်တော် သွားပြီနော်..ဆရာ"

လင်းသန့်ကြည် ခေါင်းသာညိမ့်ပြလိုက်တော့သည်။
ထွက်သွားတဲ့ ဘဂျမ်း ကျောပြင်ကိုကြည့်ရင်း.......
သူပျော်သွားတာ ဟန်မဆောင်နိုင်ရှာဘူး။
ဘဂျမ်းဟာ လူကသာညိုမှောင်မှောင် ထွားထွားကြီး....ကလေးလိုပါလား။
.
.
.
.
.
ဆက်ရန်.....

Zawgyi

လွမ်း...

အမေ့အိမ်မှာ ဘဂျမ်း သုံးရက်ခန့်နေပြီးတော့ ရန်ကုန်ပြန်ဖို့ အမေ့ကိုပြောရသည်။ အမေကတော့ နေစေချင်သေးသည်ပေါ့။ အမေ့မှာ ဘဂျမ်းကို လွမ်းလို့မပြီးသေးရှာ။ စားချင်တာကို ဘဂျမ်းပြောလိုက်တာနဲ့ကို ချက်ချင်းထလုပ်ပေးနေတော့သည်။

အမျိုးတစ်ချို့အိမ်တွေကလဲ မပြန်လာတာကြာတဲ့ဘဂျမ်းကို နေ့တိုင်းထမင်းစားလာခေါ်ကြ....သူငယ်ချင်းတွေအိမ်ကလဲ လာခေါ်ကြနဲ့..ရွာမှာ ဘဂျမ်း လက်မလည်အောင် စားသောက်နေရတော့သည်။
ရွာဓလေ့ဆိုတာ ရွာပြန်ရောက်မှ ခံစားရတာမျိုးပါ။
ဘဂျမ်းလဲ ပျော်ပါသည်။

သို့သော်....ဒီသို့သော်သည် အတော်ခက်လှသည်။
ဘဂျမ်း ဆရာအကြည်ရောင်လေးကို သတိရနေမိသည်။အဆင်ပြေပါ့မလား....မိုးတွေရွာတဲ့ည ပြန်ရတာဘယ်လိုနေလေမလဲရယ်လို့ အမြဲတွေးနေရသည်။
နေ့လယ်ဘက် သွားဟယ် လာဟယ် အချိန်တွေမှာ သိပ်မသိသာပေမဲ့ စားပြီလားဟဲ့ဆိုရင် ရွာစာလေးတွေ မျိုမကျ ကျွေးချင်သည်။ အိပ်ပြီလားဆို ပိုသတိရသည်။
ရွာမှာက ခြောက်နာရီ ခုနှစ်နာရီဆို လူခြေတိတ်ပြီ။ ကိုယ့်အိမ်ကိုယ်နေကြသည့်အချိန်။ ရွာလမ်းမလဲ တိတ်ဆိတ် အိမ်လေးတွေထဲလဲ တိတ်ဆိတ်နေတော့တာ။ ဒါပေမဲ့ သူလေးကတော့ အလုပ် လုပ်နေရဆဲ အချိန်တွေပဲမှလား။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေHikayelerin yaşadığı yer. Şimdi keşfedin